နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားရေး

မြန်မာလူမျိုးတို့မှာ စာပေကိုလေးစားတန်ဖိုးထားကြသူများ ဖြစ်ကြသည့်အလျောက် စာပေတွင်မှတ်ဖွယ်မှတ်ရာ အလိမ္မာတို့သာ ပါရှိသည်ဟူ၍ ရှေးကပင်အယူရှိခဲ့ကြသည်။ သိမြင်၊ကင်းကွာ၊ မလိမ္မာ သူတို့ပင်လျှင် စာပေစကားနေ့တိုင်းကြားက ထူးခြားလိမ္မာ ရှိလာ စေသည်ဟူ၍လည်း ယုံကြည်ကြသည်။

 ယနေ့အခြေအနေတွင် စာအုပ်ထုတ်ဝေမှုလုပ်ငန်း၌ ယခင်က ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်အဟောင်းများ၊ ကလောင်အသစ်များ ၏ စာအုပ်အသစ်များ၊ ကိုယ်တိုင်ရေးနှင့်ဘာသာပြန်များ၊ သုတရသ၊ အကြောင်းအရာစုံ၊ အရောင်အသွေးစုံစာအုပ်များစွာတို့သည် အပတ်စဉ်၊ လစဉ်အပြိုင်အဆိုင်ပေါ်ထွက်လာကြသည်။

 ယင်းသို့ပေါ်ထွက်လာချိန်တွင်   မြန်မာ့လူ့အဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်းမှုကို မထိခိုက်စေရန်၊ တရားဥပဒေစိုးမိုးရေး မပျက်ပြားစေရန်၊ လူတစ်ဦးနှင့်တစ်ဦး၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ကိုးကွယ်ရာဘာသာတစ်ခုနှင့်တစ်ခုအကြား အမုန်းမပွားစေရန် ယဉ်ကျေးမှုနှင့်ဟီရိဩတ္တပ္ပတရားတို့ကို မထိပါးစေရန် ပြဋ္ဌာန်းထား သည့်ဥပဒေများနှင့်အညီ ရေးသားပုံနှိပ်ထုတ်ဝေကြရမည်ဖြစ်သည်။

 ယနေ့မျက်မှောက်ကာလတွင် စာအုပ်ဈေးနှုန်းတန်ဖိုးများက မကြုံစဖူးတိုးတက်လာရာ စာပေဖတ်ရှုသူတို့ အခက်အခဲဖြစ်ပေါ်လာ ရသည်။ ထိုအခက်အခဲကို တစ်ဖက်တစ်လမ်းက ဖြေရှင်းပေးနိုင်သည် မှာ စာကြည့်တိုက်များ၏အခန်းကဏ္ဍနှင့်စာကြည့်တိုက်ယဉ်ကျေးမှု ပင်ဖြစ်သည်။ လက်ရှိကာလတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနကခရိုင်နှင့် မြို့နယ်အဆင့်များ တွင် ပြည်သူစာကြည့်တိုက် ၄၁၀ ကို ဖွင်လှစ်ထားပြီး မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ထောက်ပံ့မှုများဖြင့် ဖွင့်လှစ်ထား သည့်စာကြည့်တိုက်များ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များနှင့်ရပ်ရွာပြည်သူလူထုအစီအစဉ်ဖြင့် ဖွင့်လှစ်ထားသော စာကြည့် တိုက် ၃၅၀၀ ကျော်ရှိသည်။

နိုင်ငံတော်အစိုးရက ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရေးနှင့်စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရန်         နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားရှိသည့်  စာကြည့်တိုက်များအတွက် ရန်ပုံငွေနှင့် စာအုပ်စာစောင်များထောက်ပံ့ကူညီပေးလျက်ရှိသကဲ့သို့ စေတနာရှင်၊ အလှူရှင်များကလည်း ပြည်သူများအလွယ်တကူ  စာပေလေ့လာဖတ်ရှုနိုင်စေရေးနှင့်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်  စေရေးအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း လျက်ရှိသည်။

 ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများစာဖတ်နှုန်း မြင့်တက်စေရန်ရည်ရွယ်၍ တစ်ဖက်တစ်လမ်းမှပါဝင် ဝန်ဆောင်မှုပေးသည့်အနေဖြင့် ပြန်ကြား ရေးဝန်ကြီးဌာနမှဖွင့်လှစ်ထားသော  လူထုအခြေပြုဗဟိုဌာန (စာကြည့်တိုက်) များသို့ စာအုပ်များပေးပို့လှူဒါန်းလိုပါက မြန်မာ့ စာတိုက်လုပ်ငန်းရှိ စာတိုက်များတွင် အခမဲ့ပေးပို့နိုင်ကြောင်း အသိပေးထားရာ စာကြည့်တိုက်များ၏အခန်းကဏ္ဍနှင့် စာကြည့် တိုက် ယဉ်ကျေးမှုထွန်းကားရေးအတွက် စေတနာရှင်၊ အလှူရှင်များ က ဆတက်ထမ်းပိုးထောက်ပံ့ကူညီလှူဒါန်းကြရန် တိုက်တွန်းနှိုး ဆော်ရပါကြောင်း။     






အခြားဆက်စပ်သတင်းများ