နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တွင်းချုပ် PPE ဝတ်စုံနှင့် Mask များ လိုအပ်ချက်ကြောင့် ပြည်ပဈေးကွက်တွင် မထိုးဖောက်နိုင်

ရန်ကုန်  ဇူလိုင် ၂


မြန်မာပြည်တွင်း ချုပ်လုပ်သည့် PPE ဝတ်စုံနှင့် Mask များ လိုအပ်ချက်ရှိနေခြင်းကြောင့် ပြည်ပဈေးကွက် အတွင်းသို့ ဝင်ရောက် ဈေးကွက်ဖြန့်ကြက် မထိုးဖောက်နိုင်သေးကြောင်း သိရသည်။


အဓိက နိုင်ငံတကာစံနှုန်းနှင့် အသိအမှတ်ပြု စစ်ဆေးရေး လိုအပ်ချက်ဖြစ်ကြောင်း PPE ဝတ်စုံနှင့် Mask များချုပ်လုပ်သည့် လုပ်ငန်းရှင်များက ပြောသည်။


“ အခုဆို PPE ဝတ်စုံနဲ့ Mask အစ်မ တို့ချုပ်နေတာပေါ့နော်။ Medical အပိုင်းတွေပါတဲ့အတွက် ကြိုးတော့ ကြိုးစားကြည့်တယ် ခက်ခဲတယ်။ Export သွားဖို့ထိတော့ မလွယ်ကူနိုင်ဘူး။ ပြည်ပ ဈေးကွက်ထိုးဖောက်ဖို့ဆိုတာ လိုအပ်ချက်တွေက တအားများလွန်းပါတယ်။ ဓာတုစမ်းသပ် စစ်ဆေးချက်တွေ ပစ္စည်းတွေ စသဖြင့်ပေါ့နော် လိုအပ်ချက်တွေကရှိတယ်” ဟု အထည်ချုပ်လုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောသည်။


ကမ္ဘာ့နိုင်ငံများ၏ COVID-19  ရောဂါ ဖြစ်ပွားသည့် အခြေအနေများကြောင့် အထည်အမှာအော်ဒါရရှိမှု ခက်ခဲလာသည့်အပေါ် အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်အချို့က ရောဂါကာကွယ်ရေး PPE ဝတ်စုံများနှင့် နှာခေါင်းစည်း (Mask) များကို ပြောင်းလဲချုပ်လုပ်လာကြပြီး ပြည်တွင်းဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချပေးနေခြင်းများ ရှိလာကြောင်း သိရသည်။


လက်ရှိ ပြည်တွင်းချုပ်ဝတ်စုံများသည် COVID-19 ရောဂါကို ၁၀ဝ ရာခိုင်နှုန်း ကာကွယ်နိုင်ခြင်း ရှိ မရှိ စစ်ဆေးသည့် သုတေသန စစ်ဆေးရေးနေရာ မရှိသည်က တစ်ကြောင်း၊ ပြည်ပနိုင်ငံများ၏ ရောဂါဖြစ်ပွားမှု အခြေအနေများကြောင့် ပေးပို့စစ်ဆေးနိုင်ခြင်းမရှိသည့်အတွက် ပြည်ပဈေးကွက်ကို မထိုးဖောက်နိုင်သေးကြောင်း လုပ်ငန်းရှင်များက သုံးသပ် ပြောဆိုသည်။


လက်ရှိ မြန်မာပြည်တွင်း ချုပ်လုပ်သည့် PPE ဝတ်စုံများနှင့် Mask များသည် ပြည်ပဈေးကွက်ကို ထိုးဖောက် တင်ပို့နိုင်ခြေမရှိသေးသလို ပြည်တွင်းဈေးကွက်၏ ဝယ်လိုအားမှာလည်း ကျဆင်း နေသေးကြောင်း သိရသည်။ယခင်က ပြည်တွင်း၌  ၁၀ဝ ရာခိုင်နှုန်းမျှ ရောင်းချခဲ့ရသော်လည်း  လက်ရှိ အချိန်တွင် ၁၀                  ရာခိုင်နှုန်းလောက်သာရှိတော့သည့်အတွက် PPE နှင့် mask ချုပ်လုပ်မှု ရပ်ဆိုင်းထားရခြင်း၊ လျှော့ချ ချုပ်လုပ်လာရသည့် အခြေအနေမျိုးရှိကြောင်း သိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ