နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြဟ္မစိုရ်စာကြည့်တိုက် သုတရသစာအုပ်များ လှူဒါန်း

မန္တလေး ဧပြီ ၂၃

ဗြဟ္မစိုရ်စာကြည့်တိုက်သို့ သုတရသစာအုပ်များ လှူဒါန်းပွဲ ကို ဧပြီ ၂၂ ရက် နံနက် ၁၀ နာရီ က ချမ်းအေးသာစံမြို့နယ်၊ ၆၂ လမ်းရှိ ဗြဟ္မစိုရ်ပညာဒါန ကျောင်းရှိ ဗြဟ္မစိုရ်စာကြည့်တိုက် တွင် ကျင်းပသည်။ စာအုပ်လှူ ဒါန်းပွဲတွင် စာကြည့်တိုက် တာ ဝန်ခံက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ဆက်လက်၍ စာအုပ်အလှူ ရှင် မန္တလေးမြို့နေ ဒေါ်ချိုချို၊ ဒေါ်စိုးစိုးညီအစ်မတစ်စုက သုတ၊ ရသ၊ စာအုပ်မျိုးစုံ ၁၉၄ အုပ်တို့ကို ပညာဒါနပြု လှူဒါန်း ရာ ဗြဟ္မစိုရ်စာကြည့်တိုက် တာ ဝန်ခံက လက်ခံရယူပြီး ကျေးဇူး တင်စကားပြောကြားသည်။

ဗြဟ္မစိုရ်စာကြည့်တိုက်ကို နေ့စဉ် နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပြီးနေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ် ထုတ်ဂျာနယ်များ၊ သုတရသ စာအုပ်များ (အင်္ဂလိပ်+မြန်မာ) များထားရှိရာ ရဟန်းရှင်လူ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အခမဲ့လာရောက် လေ့လာဖတ်ရှု့နိုင်ကြောင်း သိ ရသည်။








မောင်ပြည်သူ

(မန္တလေး)






အခြားဆက်စပ်သတင်းများ