နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုနှစ်အတွင်း ကျေးရွာ ၉၀၀ ခန့်၌ အသေးစားဓာတ်အားပေးစနစ်များ ဆောင်ရွက်မည်

ရန်ကုန် ဧပြီ ၂၃

၂၀၂၄ နှစ်အတွင်း ကျေးရွာ ပေါင်း ၉၀၀ခန့်၌အိမ်သုံးဆိုလာ စနစ်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုအသေးစား ဓာတ်အားပေး စနစ်များဖြင့် လျှပ်စစ်မီးရရှိရန် အကောင် အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီး ဌာနမှ သိရသည်။

ထိုသို့ ဆောင်ရွက်ရန် အတွက် နိုင်ငံတော်မှ ပံ့ပိုးငွေ ကျပ် ၂၀ ဘီလီယံနှင့်ပြည်သူ များထည့် ဝင်ငွေကို အသုံးပြု ကာ နိုင်ငံတစ်ဝန်းရှိ ကျေးရွာ ပေါင်း ၉၀၀ ခန့်တွင်ဆောင်ရွက် သွားမည်ဖြစ်ပြီး မဟာဓါတ်အား လိုင်းမှ လျှပ်စစ်မီးမရနိုင်သည့် ကျေးရွာများတွင် အကောင် အထည်ဖော်မည်ဖြစ်ကြောင်း ယင်းဦးစီးဌာနကသိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင်တစ်နိုင်ငံ လုံး လျှပ်စစ်ဓာတ်အားရရှိစေရေးရည်မှန်းချက်ဖြင့် ၂၀၁၆ခုနှစ် မှစတင်၍မဟာဓါတ်အားလိုင်း နှင့် ဝေးကွာပြီး လျှပ်စစ်ဓါတ် အားမရရှိသေးသော ကျေးရွာ များ၌မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက် မီးလင်းရေးလုပ်ငန်း များဖြစ်သည့် အိမ်သုံးဆိုလာ စနစ်နှင့် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်အသုံးပြု အသေးစား ဓာတ်အားပေးစနစ်များ အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ထိုသို့ မဟာဓာတ်အားလိုင်း ပြင်ပ ကျေးလက်မီးလင်းရေး လုပ်ငန်းအတွက် နှစ်စဉ်နိုင်ငံတော် မှ ပံ့ပိုးငွေ ကျပ် ၂၀ ဘီလီယံ ခန့် ရှိပြီး ဌာနအနေဖြင့် သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနများမှ တစ်ဆင့် ဆောင်ရွက်လိုသော ကျေးရွာ များကို စာရင်းပြုစု၍ ခွင့်ပြုငွေရ ရှိသည်နှင့် တစ်ပြိုင်နက်အကောင် အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။       

 







အောင်မြင့်ဌေး 

(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ