နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်းမြို့ ဂန္ဓမာပန်းစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်း

မိုင်းယောင်း ဧပြီ ၂၃

မိုင်းယောင်းမြို့နယ် တွင် သီးနှံအပိုဝင်ငွေရရှိစေရန်တစ် ပိုင်တစ်နိုင် ဂန္ဓမာပန်းစိုက်ပျိုး ရေး လုပ်ငန်းလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိ၍နေ့စဉ် ရောင်းချရပြီး ဝင်ငွေရရှိကာလုပ် ငန်း အဆင်ပြေလျက်ရှိသည်။

မိုင်းယောင်းမြို့နယ်တွင် ဒေသခံတောင်သူများသည်မိမိ တို့ နေအိမ်ဝိုင်းကွက်မြေကွက် လပ်များတွင် တစ်ပိုင်တစ်နိုင် ဘုရားပန်းများ၊ စားဖိုဆောင် သီးနှံများကိုမိသားစုဝင်ငွေတိုး လုပ်ငန်း တစ်ခုအနေဖြင့်စနစ် တကျ စိုက်ပျိုးလုပ်ကိုင်ကြကာ ယခုအခါ ဂန္ဓမာပန်းစိုက်ပျိုး ရေးလုပ်ငန်းသည်ဖြစ်ထွန်း အောင်မြင်၍ ဒေသတွင်းလူကြိုက် များပြီး ‌ရောင်းအားကောင်းကာ နေ့စဉ်ဝင်ငွေရရှိနေကြောင်း သိ ရသည်။

ဒေသခံတောင်သူများသည် နမ့်ခတ်ချောင်း၊ နမ့်ယောင်း ချောင်းရေနှင့်မြေအောက်ရေကို အမှီပြုပြီး လယ်ယာမြေ၊ဥယျာဉ် ခြံမြေများနှင့် နေအိမ်ဝိုင်းများရှိ မြေကွက်လပ်များတွင် မိသားစု ဝင်ငွေ တိုးပွားစေရေးအတွက်  ဂန္ဓမာပန်း၊ မေမြို့ပန်း၊ နှင်းဆီ ပန်း၊ သပြေပန်းများနှင့် ငရုတ်၊ ကြက်သွန်၊ ဆလပ်ရွက်၊ကော်ဖီ ထုပ်၊ မုန်ညှင်း၊ခရမ်း၊ ဖူးစား ပြောင်း၊ ရွှေဖရုံစသည့် စားဖို ဆောင်ဟင်းသီးဟင်းရွက်သီးနှံ များကို နွေ၊မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ် ကိုင်ကြကြောင်း သိရသည်။








ထွန်းမြင့်လှိုင်






အခြားဆက်စပ်သတင်းများ