နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ် ဂွမ်ဒေါင်းပြည်နယ်တွင် ရေကြီးရေလျှံမှု အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်များ စတင်

ပေကျင်း၊ ဧပြီ ၂၃

တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်ရှိ အဓိကမြစ်ကြီးများ၊ ရေလမ်းကြောင်း များနှင့်ဆည်များတွင် အန္တရာယ်ရှိသည့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင် ခြင်းကြောင့် လူပေါင်း ၁၂၇ သန်းကျော် ကို အကာအကွယ်ပေးနိုင်ရန် အစိုးရက အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်များ စတင်နေပြီ ဖြစ်သည်။

စီကျန်းနှင့်ဘေကျန်းမြစ်ဝှမ်း ဒေသရှိ မြစ်များနှင့်မြစ်လက်တက် များ၏ အချို့အစိတ်အပိုင်းများသည် ဖြစ်နိုင်ချေနည်းပါးသော ရေမျက်နှာ ပြင်မြင့်တက်မှုနှင့်ကြုံနေရကြောင်း ဒေသဆိုင်ရာ မိုးလေဝသအာဏာပိုင် များက ပြောသည်။

တရုတ်နိုင်ငံ ရေအရင်းအမြစ် ဝန်ကြီးဌာနက အရေးပေါ် အကြံပေးချက် ကို ထုတ်ပြန်ထားပြီး သဘာဝဘေး အန္တရာယ်ကို ရှောင်လွှဲနိုင်ရေးနှင့်သဘာ ဝဘေးထိခိုက်ခံရသူများကို ရေနှင့်အစား အစာ၊ အဝတ်အထည်နှင့်နေစရာ ရရှိရေး သေချာစေရန် အရေးပေါ် အစီအစဉ် များ စတင်လုပ်ဆောင်ကြရန်ဂွမ်ဒေါင်း ပြည်နယ် အာဏာပိုင်များက လက်အောက် ခံ စီရင်စုနှင့်မြူနီစပယ်နယ်ပယ်ဌာန အားလုံးကို တိုက်တွန်း ထားသည်။

ဂွမ်ဒေါင်းပြည်နယ်အပါအဝင် ဖူကျန်း၊ ဇီကျန်းပြည်နယ်နှင့် ဂွမ်စီ ဒေသများတွင် လာမည့်ရက်များအထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်း နိုင်ကြောင်း ရာသီဥတုခန့်မှန်းသူများ က မျှော်လင့်ထားသည်။








(ref:Reuters)






အခြားဆက်စပ်သတင်းများ