နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရတ်လက်နက်ပြပွဲတွင် တရုတ် ပါဝင်ပြသ

ဘဂ္ဂဒက်၊ ဧပြီ ၂၃

ဘဂ္ဂဒက်မြို့တွင် ကျင်းပနေသည့် ၁၂ ကြိမ်မြောက် အီရတ်လုံခြုံရေး၊ ကာကွယ်ရေးနှင့်စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းပြပွဲတွင် တရုတ်စစ် လက်နက်ထုတ်လုပ်သူများသည် ယင်း တို့ ထုတ်ကုန်များကို ပါဝင်ပြသလျက် ရှိသည်။ 

ဧပြီ ၁၉ ရက်မှ ၂၃ ရက်အထိကျင်းပ နေသော ပြပွဲတွင် နိုင်ငံပေါင်း ၁၉ နိုင်ငံရှိ လက်နက် ထုတ်လုပ်ရေးကုမ္ပဏီ ၁၁၂ ခု၏ ခေတ်မီလက်နက်ကိရိယာ များဖြစ်သော မောင်းသူမဲ့လေယာဉ်၊ ဒုံးကျည်၊အမြောက်၊ သံချပ်ကာယာဉ်၊ ရေဒါ၊ ဒုံးပစ်လောင်ချာ၊ စက်သေနတ်နှင့် မြေပြင်ထောက်ကူပစ္စည်းများကို ပါဝင် ပြသလျက်ရှိသည်။

ယင်းပွဲတွင် တရုတ်ကုမ္ပဏီ စုစု ပေါင်း ၁၃ ခုကလည်း တင့်ကား၊ သံချပ် ကာယာဉ်၊ ဒုံးကျည်၊ ရေဒါ၊ မောင်းသူမဲ့ လေယာဉ်ကဲ့သို့ကာကွယ်ရေးကဏ္ဍ အတွက် အကျုံးဝင်သည့်အခြားထုတ်ကုန် များကို ပါဝင်ပြသနေကြောင်း သိရသည်။

 အီရတ်ကာကွယ်ရေးစက်မှုလုပ်ငန်း ကော်မရှင်အကြီးအကဲ မူစတာဖါအတိ ဟာဆန်က တရုတ်ကုမ္ပဏီများနှင့်ပိုမို  ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နှင့် အီရတ် စစ်ဘက်ဆိုင်ရာလုပ်ငန်းများ တွင် ကောင်းမွန်သည့် နားလည်မှုနှင့် အပြန်အလှန်ယုံကြည်မှုများရှိလာစေ ကြောင်း ပြောကြားသည်။ 








(ref:AFP)






အခြားဆက်စပ်သတင်းများ