နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက်စလာ ကားဈေးနှုန်းများ လျှော့ချ

ဝါရှင်တန်၊ ဧပြီ ၂၃

ကားရောင်းချရသည့် ပမာဏ ကျဆင်းလာခြင်းကြောင့် ဘီလျံနာ အီလွန်မတ်စ်၏ တက်စလာ လျှပ်စစ် ကားကုမ္ပဏီကြီးက အမေရိကန်၊ တရုတ်၊ ဂျာမနီ အပါအဝင် အဓိက ဈေးကွက်များတွင် ကားဈေးနှုန်းများ ကို လျှော့ချလိုက်ကြောင်း သိရသည်။

ယခုနှစ် ပထမ သုံးလပတ်အတွင်း ကမ္ဘာတစ်ဝန်း ကားတင်ပို့ရောင်းချရ မှုများသိသာစွာ ကျဆင်းလာပြီးနောက် တက်စလာက ယင်း၏ ကားဈေးနှုန်း များကို လျှော့ချလိုက်ခြင်းဖြစ်ပြီးအထူး သဖြင့် တရုတ်ကားကုမ္ပဏီများဘက် က ပြင်းထန်သည့်ယှဉ်ပြိုင်မှုများ ရှိလာ ခြင်းကြောင့် လျှပ်စစ်ကားကုမ္ပဏီများ ကြား စျေးနှုန်းပဋိပက္ခများဖြစ်ပေါ် လျက်ရှိသည်။

ထုတ်လုပ်မှုနှင့်ဝယ်လိုအားမျှတ စေရန် ကားဈေးနှုန်းများကို မကြာ ခဏပြောင်းလဲရမည်ဟု အီလွန်မတ်စ် က ပြောကြားထားပြီး အဆင့်မြှင့် ထား သည့် Model Y, Model X နှင့် Model S ကားများကို ဒေါ်လာ ၂၀၀၀ စီ စတင် လျှော့ချပေးထားကြောင်း သိရသည်။

ထို့ပြင် ၂၀၂၄ နှစ်ဦးပိုင်းကစပြီး ရှယ်ယာတန်ဖိုး ၄၀ရာခိုင်နှုန်းကျော် ဆုံးရှုံးလာသည့် တက်စလာသည် ကမ္ဘာတစ်ဝန်းလုံးလုပ်သားအင်အား ကိုလည်း ၁၀ ရာခိုင်နှုန်းအထိ လျှော့ ချသွားမည်ဟု ပြီးခဲ့သည့် သီတင်းပတ် က ကြေညာထား သည်။             







(ref:BBC)






အခြားဆက်စပ်သတင်းများ