နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၅၉၃) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်အနေကဇာတင်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ရန်ကုန် ဧပြီ  ၂၃ 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ရှေးဟောင်းသမိုင်းဝင်ဆံတော် ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော်စေတီတော်မြတ်ကြီး(၂၅၉၃)အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တန်ခူးလပြည့်နေ့ ယနေ့နံနက်၆နာရီအချိန်တွင်ရွှေဆံတော်စေတီတော်မြတ် ရင်ပြင်၌ စေတီတော်ကြီးအားအနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပသည်။

အဆိုပါဗုဒ္ဓပူဇနိယပွဲတော် တန်ခူးလပြည့်နေ့နံနက်၆နာရီအချိန် တွင် ရွှေဆံတော်စေတီသြဝါဒစရိယဆရာတော်ကြီးများ၏  စီစဉ်      ကြီးကြပ်မှုဖြင့်  ရွှေဆံတော်စေတီဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ က လပြည့်နေ့နံနက်၆နာရီတွင် သံဃာတော်အရှင်သူမြတ်(၄၃၂)ပါး တို့က အရှေ့၊အနောက်၊တောင်၊မြောက်မုခ်လေးမုခ်ရှိနေရာများ တွင် တစ်နေရာ၌သံဃာတော်(၁၀၈)ပါးတို့က စေတီတော်မြတ်ကြီးကို ဘုရားအနေကဇာတင်ပြီး သံဃာတော်အရှင်သူမြတ်(၄၃၂)ပါး အား အာရုံဆွမ်းကပ်ခြင်း၊နံနက်(၇)နာရီအချိန်တွင် ဆွမ်းဆန်စိမ်းနှင့်လှူ ဖွယ်ပစ္စည်းများကို အလှူရှင်များက လောင်းလှူပူဇော်သည်။

ထို့နောက်ပဋ္ဌာန်း၊ အာရုံဆွမ်း၊စတုဒိသာအလှူရှင် ကိုကျော်ထွန်း မင်း +မမိုးမိုးကျော်ရွှေယမုံမင်းစိန်ရွှေရတနာရောင်းဝယ်ရေးမိသားစု၊ရန်ကုန်မြို့မှ ဘုရားအနေကဇာတင်သံဃာတော်အရှင်သူမြတ် (၄၃၂) ပါးအနက် ဆရာတော်(၂၁၆)ပါးအတွက် တစ်ပါးလျှင်တစ်သောင်းကျပ်  နှုန်းလှူဒါန်းခဲ့သည်။ အလှူရှင်မိသားစုမှပဋ္ဌာန်းပွဲ၊အာရုံဆွမ်းနှင့် စတုဒိသာအတွက် စုစုပေါင်း(၁၁၆၆၀၀၀၀)ကျပ်အကုန်ကျခံလှူဒါန်း ပေးပြီး တန်ခူးလပြည့်နေ့နံနက်(၆)နာရီမှစတင်ကာ ဘုရားဖူးလာ   ပြည်သူအပေါင်းအား ဆန်တစ်တင်းခွဲအိတ်(၁၅)အိတ်ချက်၍ သစ် သီးစုံချဉ်ရည်ဟင်းနှင့်ငပိချက်တို့စရာများဖြင့် စတုဒိသာဧည့်ခံ ကျွေးမွေးခဲ့သည်။

ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများဖူး မြော်ကြည်ညိုနိုင်ရန်အတွက် ဘုရားပွဲတော်ရက်များတွင်နေ့စဉ် နံနက် (၅)နာရီမှ ည (၁၀)နာရီအထိ  ဖွင့်လှစ်ထားမည်ဖြစ်ရာ ယခုအခါရွှေဆံတော်စေတီတော်မြတ်ကြီးကို အများပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရန် ရွှေဆံတော်စေတီတော်မြတ်ကြီး ၏ တန်ခူးလပြည့်ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီ ၁၇  ရက်မှ ၂၄ ရက် အထိရှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ဗုဒ္ဓပူဇနိယပွဲတော်တွင် စျေးဆိုင်ခန်းများ၊ပျော်ပွဲရွှင်ပွဲများ၊အားကစားပွဲများနှင့် ဇာတ်များပါဝင်သည်။ 

ဘုရားပွဲတော်ကာလအတွင်း စေတီတော်မြတ်ကြီးအားအများ  ပြည်သူများဖူးမြော်ကြည်ညိုနိုင်စေရန် ဘုရားဖူးချိန်အားပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး လာရောက်ဖူးမြော်နိုင်ပါသည်။









တွံတေးသား






အခြားဆက်စပ်သတင်းများ