နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေမြေနှင့်သစ်တောသယံဇာတအရေးပါ

မိုးလေဝသသည် လူသားတို့ဘဝအတွက်အရေးကြီးသောအရာ ဖြစ်သည်။ လူသားတို့နေထိုင်လှုပ်ရှားမှုအတွက် မိုးလေဝသကို ခန့်မှန်းပြီးပြုမူကြရသည်။  ရောဂါပိုးမွှားများ  သေကျေရန် အတွက် နေရောင်ခြည်ကိုလိုအပ်သည်။ လူသားတို့နေ့စဉ် အသက် ရှင်နေထိုင်ရေးအတွက် ရေလိုအပ်သည်။ ရာသီဥတုပြောင်းလဲခြင်း ဆိုသည်မှာ လူသားတို့၏ လုပ်ဆောင်မှုကြောင့်ဖြစ်သည်။

 "ယခုအခါ ရာသီဥတုဖောက်ပြန်မှုများဖြစ်ပေါ်လျက်ရှိခြင်း ကြောင့် သဘာဝဘေးအန္တရာယ်ကို ရှောင်ရှားခြင်းမပြုနိုင်သော် လည်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘးအန္တရာယ်များကို ကြိုတင် ပြင်ဆင်မှုများဖြင့် လျှော့ချနိုင်၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက် ၍ မိမိတို့နိုင်ငံတွင် အတွေ့အကြုံများစွာရှိပြီးဖြစ်သဖြင့် ပင်လယ် ကမ်းရိုးတန်းဒေသများအနေဖြင့် ကြိုတင်ကာကွယ်‌ရေးလုပ်ငန်း များနှင့် အရေးပေါ်အခြေအနေအတွက်လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) ကို ဧပြီ ၂၂ ရက်က နေပြည်တော်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မှာကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 ရာသီဥတုပြောင်းလဲမှုအတွက် အတူတကွပူးတွဲလုပ်ဆောင် ရမည်ကို နိုင်ငံအသီးသီးက သဘောတူထားကြသည်။ ၂၀၁၅ ခုနှစ် ပါရီ၌ကျင်းပသည့် ကုလသမဂ္ဂရာသီဥတုညီလာခံတွင် ကမ္ဘာ့အပူချိန် ကို ၁ဒသမ ၅ ဒီဂရီ၌ပင်ရှိရန် ဆောင်ရွက်ကြရမည်ကြောင်း ကတိပြု ထားကြသည်။ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုကင်းစင်ရန် လည်း နိုင်ငံအများအပြားက ကတိပြုထားကြသည်။

 ရေသည်သစ်တောများ ဖုံးလွှမ်းသည့်တောတောင်များမှသည် ပင်လယ်သမုဒ္ဒရာအထိ စီးဆင်းနေသဖြင့် ရေဝေရေလဲဒေသသည် အလွန်ကျယ်ပြန့်သည်။ လူသားတို့ဖန်တီးတည်ဆောက်ကြသည့် ဆည်၊ တမံတို့၏ အသက်သွေးကြောသည် ရေအရင်းအမြစ်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည့်အတွက်  ရေဝေရေလဲ ဒေသနှင့် ရေဦးရေဖျားဒေသရှိ သစ်တောသယံဇာတအရင်းအမြစ် များအား ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည်။

 ရာသီဥတုအခြေအနေများကို ထိန်းချုပ်ရန်အတွက် စိုက်ပျိုးရေး လုပ်ငန်းကို လူတစ်ဦးတစ်‌ယောက်မှအစပြု၍ လူသားတိုင်းနီးပါး တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြရမည်။ မိမိအိမ်ပတ်ဝန်းကျင် သစ်ပင် ပန်းမန်များစိုက်ပျိုးပြီး အပူဒဏ်ကိုကာကွယ်ရန်နှင့် သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းကြရမည်ဖြစ်သည်။

ကမ္ဘာကြီးပူနွေးလာမှုပြဿနာကို လူသားအားလုံးနားလည် သဘောပေါက်ပြီး အနာဂတ်အတွက်  ပြင်ဆင်ဆောင်ရွက်သင့်သည် များကို ဆောင်ရွက်ရန်  အလေးထားတိုက်တွန်းနှိုးဆော်ရပါ ကြောင်း။    






အခြားဆက်စပ်သတင်းများ