နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလမြို့နယ်နှင့်တွံတေးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်  ဧပြီ  ၂၃

ရန်ကုန်မြို့တော်စည်ပင် သာယာ‌ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်)  ဦးညီညီ သည် ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်း က တွံတေးမြို့နယ်၊ တွံတေး- ဒလကားလမ်းပေါ်ရှိရန်ကုန် ပေါက်ကျေးရွာအနီးဒလမြို့ နယ် ရေပေးဝေရေးစခန်း၌ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ကျိုက်သလဲ ရေနက်ကွင်း တွံ‌တေးငါးမွေးမြူ ရေးစခန်းအနီး  မြို့ပြပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်း ရေးဌာနက ဆောင်ရွက်မည့် ဒလမြို့နယ် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံ (Final Disposal Site-FDS) တည်ဆောက်ရေး စီမံကိန်းအတွင်း အင်ဂျင်နီယာ ဌာန(လမ်းနှင့်တံတား)က ကန်ညီနောင်ချောင်းကူးတံတား တည်ဆောက်နေမှု၊ဒလမြို့နယ်၊ တာကြီးကျေးရွာရှိ အင်ဂျင် နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဇုန် (၁၀) ရေပေးဝေရေးစခန်း တည်ဆောက်ရေး စီမံကိန်း အတွင်းရေစုကန်နှင့်ရေတွန်း စက်တည်ဆောက်နေမှု၊ဒလ- တွံတေးလမ်းကို  အင်ဂျင်နီယာ ဌာန(လမ်းနှင့်တံတား)က တံတားတည်ဆောက်နေမှု၊ အဆင့်မြှင့်တင်ကွန်ကရစ်ခင်း ကျင်းနေမှု၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က ၁၁/၁၄ ရပ်ကွက်နှင့် ၆ နံပါတ်ရပ်ကွက် တို့ကို ဆက်သွယ်သည့် ကမာ အောင်ချောင်းကူးတံတားတည် ဆောက်နေမှုလုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ရှေးဦးစွာ ဒုတိယမြို့တော်ဝန် နှင့်အဖွဲသည် နံနက် ၈ နာရီတွင် တွံတေးမြို့နယ်၊ တွံတေး-ဒလ ကားလမ်းပေါ်ရှိ ရန်ကုန်ပေါက် ကျေးရွာအနီး ဒလမြို့နယ် ရေပေးဝေရေးစခန်းသို့ သွား ရောက်၍ 330 kW Solar Power Plant (PV System) ဆောင်ရွက်ထားရှိမှု၊ Nano Filter  ရေသန့်စင်မှုစနစ်ဖြင့် သုတေသနဆောင်ရွက်နေမှု၊ ရေတွန်းစက်ရုံ၊ ဂါလန် တစ် သိန်းဆံ့ ရေစုကန်နှစ်ကန်နှင့် ရေသန့်စင်စက်ရုံများသို့ သွား ရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယမြို့တော်ဝန်က Solar  System ဖြင့်ရေပေးဝေရေးလုပ် ငန်းများကို ပုံမှန်လည်ပတ် နိုင်အောင်ဆောင်ရွက်ရန်၊ ဒလမြို့နေပြည်သူများသောက်သုံးရေအခက်အခဲမရှိစေရေး အလေးထားဆောင်ရွက်ရန်မှာ ကြားပြီး လိုအပ်သည်များ ဖြည့် ဆည်း ဆောင်ရွက်ပေးသည်။ 

အဆိုပါ ရန်ကုန်ပေါက် ရေ ပေးဝေရေးစခန်းသည် အကျယ် ၁၀ ဒသမ ၇ ဧကပေါ်၌ ၁၂လက်မ အဝီစိတွင်း လေးတွင်း၊ ၁၀ လက်မ အဝီစိတွင်းရှစ်တွင်း၊ ၈ လက်မအဝီစိတွင်းတစ်တွင်းနှင့် ၁၀ လက်မ မိုးရေစုတွင်းခုနစ်  တွင်း၊  စုစုပေါင်းအဝီစိတွင်း (၂၀)တို့မှ ရေဂါလန်တစ်သိန်း ဆံ့ ရေစုကန်သို့ပေးပို့ပြီး၎င်းမှ တစ်ဆင့် ရေတွန်းစက်လေးလုံး ဖြင့် ဒလမြို့နယ်သို့ နေ့စဉ် ရေဂါလန်တစ်သန်းခွဲ  ဖြန့်ဖြူးပေးလျက်ရှိသည်။ 

ထိုမှတစ်ဆင့် ဒုတိယ မြို့တော်ဝန်နှင့် အဖွဲ့သည်  ရန်ကုန်ပေါက်ကျေးရွာအနီး ကျိုက်သလဲ ရေနက်ကွင်းရှိ တွံတေး ငါးမွေးမြူရေးစခန်းသို့ သွားရောက်၍ မြေဧရိယာ၁၀၉ ဒသမ ၉၃ ဧကအပေါ်၌  မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက  ဒလမြို့နယ် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ (Final Disposal Site - FDS) တည်ဆောက်ရေး စီမံကိန်း အတွင်းရှိ ကန်ညီနောင်ချောင်း ကို အင်ဂျင်နီယာဌာန(လမ်း နှင့် တံတား)က အရှည်၉၀ ပေ၊  အကျယ် ၃၀ ပေ၊ ရေသွား လမ်းအကျယ် ၆၀ ပေရှိ Skew Type သံကူကွန်ကရစ်တံတား တည်ဆောက်မှုလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေး ပြီး ဒုတိယမြို့တော်ဝန်က တံတားတည်ဆောက်နေစဉ် ကာလအတွင်းရေလမ်းကြောင်း ပုံမှန်စီးဆင်းမှုရှိအောင်ဆောင် ရွက်ရန်၊ သတ်မှတ်ကာလအတွင်း စံချိန်စံညွန်းနှင့်အညီ ပြီးစီးမှု ရှိစေရန် ဆောင်ရွက်ရန်မှာကြား ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 

ကန်ညီနောင်ချောင်းသည် တွံတေးမြို့နယ်မှစတင်စီးဆင်း ပြီး ဒလမြို့နယ်၊ ပျော်ဘွယ်လေး ကျေးရွာများကို ဖြတ်သန်း လျက် ရန်ကုန်မြစ်အတွင်းသို့ စီးဝင်သည်။ 

အဆိုပါ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံတွင် စီမံခန့်ခွဲရေး အဆောက်အဦ၊ အမှိုက်အလေး ချိန် ချိန်တွယ်သည့်စက်၊ယာဉ် အဝင်/အထွက်လမ်းများ၊ရေ နုတ်မြောင်းများ၊ မြေထိန်းနံရံ များ၊ဓာတ်ငွေ့ထုတ်သည့် ပိုက် များ၊ ရေဆိုးစွန့် ထုတ်မှုပိုက်များ၊ ရေဆိုးပြုပြင်သန့်စင် သည့်စနစ်၊ မိုးရေသိုလှောင်ကန်နှင့်ရေဆိုး စုစည်းသည့်ကန်များ၊ကားရေ ဆေးခုံနှင့် ပန့်များတပ်ဆင်ခြင်း နှင့်ခြံစည်းရိုးခတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ထို့နောက် ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် ဒလမြို့နယ်၊ တာကြီးကျေးရွာသို့ သွားရောက် ၍ အင်ဂျင်နီယာဌာန(ရေနှင့်သန့် ရှင်းမှု)က ဆောင်ရွက်နေသော ဇုန် (၁၀) ရေပေးဝေရေးစခန်း တည်ဆောက်ရေး စီမံကိန်း အတွင်း (ပထမအဆင့်)ရေလှောင် ပမာဏရေဂါလန် ၁ ဒသမ ငါးသန်းဆံ့ ရေစုကန်နှင့်အလျား ၁၇ ဒသမ ၅၇ မီတာ၊ အနံ ၃၀ မီတာ၊ အမြင့် ၁၂ မီတာ အရွယ်အစားရှိ  ရေတွန်းစက် တည်ဆောက်နေမှုတို့ကိုကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ဇုန် (၁၀) ရေပေး ဝေရေးစခန်းမှ ဒလမြို့နယ်သို့ နေ့စဉ် ရေဂါလန် ၁ ဒသမ ၂ သန်း ပေးဝေနိုင်မည်ဖြစ်သည်။

ယင်းနောက် ဒုတိယ မြို့တော်ဝန်နှင့်အဖွဲ့သည်ဒလ မြို့နယ်၊ ဒလ-တွံတေးလမ်းကို အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)က အရှည် ၇၈ ပေ၊ အကျယ် ၁၅ ပေရှိ အမှတ်(၂)တံတား  တည်ဆောက်နေမှု၊ ဒလမြို့နယ်၊ ဆာပါချောင် ရပ်ကွက်၊ ဆိပ်ကြီးခနောင်တို တံတားအဆင်းမှ ဒလကူးတို့ ဆိပ်အထိ ၆ ပေအကျယ် လမ်း လယ်ကျွန်းပါဝင်ပြီး အရှည် ၉၇၀၀ ပေ၊  အကျယ် ၄၈ ပေ၊ ထု ၁၁ လက်မ အဆင့်မြှင့်တင် ကွန်ကရစ်ခင်းကျင်းနေမှုကိုသွားရောက်ကြည့်ရှုစစ်ဆေးပြီး  ဒုတိယမြို့တော်ဝန်က သတ်မှတ်ကာလအတွင်း စံချိန် စံညွှန်းနှင့်အညီ ပြီးစီးမှုရှိစေရန်၊ လမ်းသားတိုးချဲ့ခြင်းလုပ်ငန်း ပြီးစီးပါက လမ်းညွှန်အမှတ် အသားများ စနစ်တကျရေးဆွဲ ထားရှိရန်၊ လမ်းတိုးချဲ့မှုလုပ်ငန်း ဆောင်ရွက်နေစဉ် ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။

ဆက်လက်၍ ဒုတိယ မြို့တော်ဝန်နှင့်အဖွဲ့သည်  အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)က ဒလမြို့နယ်၊ ၁၁/၁၄ ရပ်ကွက်နှင့် ၆ နံပါတ်ရပ် ကွက်တို့ကို ဆက်သွယ်သည့် ကမာအောင်ချောင်းကူးတံတား ကို အရှည် ၈၀ ပေ၊ အကျယ် ၁၈ ပေ၊ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုကို သွား ရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယမြို့တော်ဝန်က ကမာ အောင်ချောင်းဘေးတစ်လျှောက် အမှိုက်များ ရှင်းလင်းရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်း ရှင်းရေး ဦးစားပေးဆောင်ရွက် ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။                   








မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ