နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘုရင့်နောင်ကုန်စည်ဒိုင် ရာနှုန်းပြည့်လည်ပတ်

ရန်ကုန်၊ ဧပြီ ၂၃

ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း ရပ်နားထားခဲ့သည့် ရန်ကုန် မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ယခုလ ၂၂ ရက်မှစ၍ လုပ်ငန်းများ ပြန်လည်ကာ အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဒေါက်တာမျိုးလွင်၏ ပြောကြားချက်အရ သိရ သည်။

မြန်မာနိုင်ငံတွင် အကြီးဆုံးလက်ကားဈေးကြီးဖြစ်သော ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပွဲရုံပေါင်း ၄၀ဝ ကျော်၊ သယ်ယူပို့ဆောင်ရေး ဂိတ်ပေါင်း ၃၀ဝ ကျော်နှင့် အနယ်နယ် အရပ်ရပ်မှ ကုန်စည်များကို လက်ကားရောင်းချပေးနေပြီး၊ ပြီးခဲ့သည့် သင်္ကြန်ပွဲတော်ကာလ အစိုးရရုံးပိတ်ရက်များအတိုင်း ယာယီပိတ်ထားခဲ့သော်လည်း ယခုအခါ ပွဲရုံများ၊ ကုန်ကားဂိတ် များအားလုံး ပြန်လည်လုပ်ကိုင်နေပြီဖြစ်ရာ လက်ရှိဖြစ်ပေါ်နေသော ကုန်စည်ဈေးနှုန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ပြန်လည် ထုတ်ပြန်ပေးနေပြီဖြစ်သည်။

ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် စားဖိုဆောင်သီးနှံများ၊ ရေထွက်ကုန်များနှင့် ပဲမျိုးစုံတို့ကို လက်ကားရောင်းချပေးနေပြီး ဈေးကွက်များအနေနှင့် ရန်ကုန်ဈေးကွက်နှင့် နယ်ဈေးကွက်များသို့ လက်ကားတင်ပို့ရောင်းချလျက်ရှိသည်။







(ပုံ) (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ