နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်များ ရေစီးရေလာကောင်းမွန်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဧပြီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဌာနမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ဝေဇယန္တာလမ်းရှိ ရေပေါက်ကြည်ချောင်းနှင့် မြောက်ဥက္ကလာပ မြို့နယ်၊ (ဃ) ရပ်ကွက်၊ ဝေပုလ္လလမ်း (ကျောက်လမ်း)ရှိ ရွှေလှေ ချောင်းတို့ကို အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)က ချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရား များဖြင့် ဆောင်ရွက်နေမှုများ၊ (ဃ) ရပ်ကွက် အားကစားကွင်း သန့်ရှင်းသာယာလှပရေး အခြေအနေများ၊ (ဃ)ရပ်ကွက်၊ နွယ်နီ(၅)လမ်းရှိ အမှတ် (၇) အခြေခံပညာမူလတန်းကျောင်း သန့်ရှင်း သာယာလှပရေးဆောင်ရွက်နေမှု၊ (ဃ) ရပ်ကွက်၊ နွယ်နီ (၅) လမ်း ကို အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က ကွန်ကရစ်ခင်းကျင်း ပြီးစီးမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၆ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ်၊ (၄)  ရပ်ကွက်၊  ဝေဇယန္တာလမ်း၊ အောင်ကျော်တံတားသို့ သွားရောက်၍ ဝေဇယန္တာလမ်းဖြတ် ရေပေါက်ကြည်ချောင်းကို အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲ မှု) က ရေစီးရေလာကောင်းမွန်စေရေး ချောင်းအတွင်းရှိ အမှိုက်၊ ရေမှော်များနှင့် နုန်းများကို စက်ယန္တရားများဖြင့် ဆယ်ယူရှင်းလင်း နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ရေစီးရေလာကောင်းမွန် စေရန် ချောင်းတစ်လျှောက်ပိတ်ဆို့မှု မရှိစေရေး မြစ်ထွက်ပေါက်ထိ ဆက်လက်ရှင်းလင်းရန်၊ ဆယ်ယူရှင်းလင်းပြီးသည့် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ အဆိုပါ ရေပေါက်ကြည်ချောင်းသည် ရန်ကင်းမြို့နယ် ဆည်မြောင်းချောင်းမှတစ်ဆင့် ငမိုးရိပ်ချောင်း အတွင်းစီးဝင်သည်။

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် မြောက်ဥက္ကလာပ မြို့နယ်၊ (ဃ) ရပ်ကွက်၊ ဝေပုလ္လလမ်း (ကျောက်လမ်း)သို့ သွား ရောက်၍ မေဓာဝီဆေးရုံအနီးမှ ငမိုးရိပ်ချောင်းအတွင်း စီးဝင်ပြီး အရှည် ၈၆၀၀ ရှိသည့် ရွှေလှေချောင်းကို အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)က ရေစီးရေလာကောင်းမွန်စေရေး ချောင်း အတွင်းရှိ အမှိုက်၊ ရေမှော်များနှင့်နုန်းများကို စက်ယန္တရားများ ဖြင့် ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်စေရေး ချောင်းတစ်လျှောက် ကြိုတင်ရှင်းလင်း ဆောင်ရွက်ရန်၊ ဆယ်ယူရှင်းလင်းပြီးသည့် အမှိုက်များကို စနစ် တကျစွန့်ပစ်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် (ဃ) ရပ်ကွက်၊ နွယ်နီ (၅) လမ်းရှိ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာန၊ (ဃ) ရပ်ကွက် အားကစားကွင်း သန့်ရှင်းသာယာလှပရေး အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည်  (ဃ) ရပ်ကွက်၊ နွယ်နီ (၅) လမ်းရှိ အမှတ် (၇) အခြေခံပညာမူလတန်းကျောင်း သန့်ရှင်း သာယာလှပစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား (၈၀) ဦးဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်း နေမှု၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့် ဆောင်ရွက်နေမှု၊ သစ်ရွက်ကြွေအမှိုက်များ  ရှင်းလင်းနေမှု၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ကျောင်းဝန်းအတွင်း ရေနုတ် မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်နှင့်အမှိုက် များကို အပြောင်ရှင်းစနစ်ဖြင့် တစ်ပါတည်း သိမ်းဆည်းရှင်းလင်း ရန်၊ အဆောက်အဦနှင့်ထိစပ်နေသည့် သစ်ကိုင်းများ ရှင်းလင်းဖယ် ရှားရန်မှာကြားပြီး မြို့တော်ဝန်နှင့် အဖွဲ့သည် (ဃ)ရပ်ကွက်၊ နွယ်နီ (၅) လမ်းကို အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က အရှည် ၅၂၀ ပေ၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မ ကွန်ကရစ် ခင်းကျင်းပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ လမ်းပခုံးသားများဆက်လက် ဆောင်ရွက်ရန်နှင့် လမ်းဧရိယာနှင့် မလွတ်ကင်းသည့် အဆောက် အဦများကို ရှင်းလင်းရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။







သတင်း-ရဲနန္ဒာလင်းမြင့်

ဓာတ်ပုံ-ရဲမင်းထွန်း






အခြားဆက်စပ်သတင်းများ