နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာဒုံမြို့နယ် ပြည်လမ်း ကတ္တရာကွန်ကရစ် (AC) ခင်းခြင်းလုပ်ငန်း ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန်၊ ဧပြီ ၂၃

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့ တော်စည်ပင်သာယာ‌ရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေး သည် သက်ဆိုင်ရာ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက်  ယမန်နေ့ ညပိုင်းက အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က ဆောင်ရွက်နေသည့် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း (ခရေပင်လမ်းဆုံမှ ကျိုက္ကလဲ့ဘုရားအထိ) အရှည် ၇၃၈၀ ပေ၊ အကျယ် ၇၂ ပေ၊ ထု ၂ လက်မ  ကတ္တရာကွန်ကရစ် (AC) ထပ်ပိုးလွှာခင်း၍ လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။                                                           







မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ