နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယား ဆရာဝန်များအတွက် အစိုးရက ဖြေလျှော့မှုများ စတင်လုပ်ဆောင်

ဆိုးလ်၊ ဧပြီ ၂၂

ဆေးကျောင်းတက်ရောက်ခွင့်ပြု မည့် ကျောင်းသားဦးရေ တိုးမြှင့်ခြင်း အပေါ်ဆန္ဒပြနေသော တောင်ကိုရီးယား ဆရာဝန်များအတွက် အစိုးရက           ဖြေလျှော့မှုများ စတင်လုပ်ဆောင်ပေး လိုက်ကြောင်း သိရသည်။

တောင်ကိုရီးယား ဆရာဝန်များ သည် နိုင်ငံအတွင်း လုပ်သားလိုအပ်ချက် အရ ဆရာဝန်အရေအတွက် မြှင့်တင် နိုင်ရန် ဆေးကျောင်းတက် ရောက်နိုင်ခွင့် ပြုသည့် ကျောင်းသားအရေအတွက် တိုးမြှင့်လက်ခံမည့်အစိုးရ၏ အစီ အစဉ်ကို ဆန္ဒပြနေကြခြင်း ဖြစ်သည်။

ထို့ကြောင့် အစိုးရအနေဖြင့် ဆရာဝန် များ၏ ဆန္ဒနှင့်တောင်းဆိုမှုကို လက် ခံသည့်အနေဖြင့် မူလကသတ်မှတ် ထားသည့် ဆေးကျောင်းဝင်ခွင့်လူဦးရေ ၂,၀၀၀ အစား ၁,၀၀၀ အထိလျှော့ချ လက်ခံမည်ဟု ညှိနှိုင်း ပြောကြားထား သည်။

ယခု အစီအစဉ်ကြောင့် သက်ကြီး ရွယ်အိုများပြားသည့် လူ့အဖွဲ့အစည်း အတွက် ဆရာဝန်ရှားပါးမှုကို လျော့နည်း စေမည်ဟု အစိုးရဘက်ကအခိုင်အမာ ပြောကြားထားသော်လည်း ဆရာဝန် ကြီးများနှင့်သင်တန်းသား ဆရာဝန်များ ကမူ ပညာရေးနှင့်ကျန်းမာရေးစောင့် ရှောက်မှုအရည်အသွေးကိုသာ ကျဆင်း နိုင်သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၀ ရက်က စတင် ခဲ့သည့် တောင်ကိုရီးယားဆရာဝန် များ၏ ဆန္ဒပြမှုများကြောင့် ဆေးရုံ များတွင် ကမောက်ကမဖြစ်စေပြီး အရေးကြီးသည့် ခွဲစိတ်မှုများနှင့် လူနာ များလည်း အခက်အခဲဖြစ်ပေါ်လျက် ရှိသည်။            







(ref: AFP)






အခြားဆက်စပ်သတင်းများ