နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြေကမ္ဘာကျန်းမာရေး ပလတ်စတစ်သုံးစွဲမှုလျှော့ချရန် တိုက်တွန်း

အော့တဝါ၊ ဧပြီ ၂၂

ဧပြီ ၂၂ ရက်သည် မြေကမ္ဘာနေ့ ဖြစ်ခြင်းကြောင့် ကမ္ဘာတဝန်း ပလတ် စတစ်ညစ်ညမ်းမှုအဆုံးသတ်နိုင်ရေး သဘောတူညီမှုသစ်တစ်ရပ်ကို ရေးဆွဲရန် ကနေဒါနိုင်ငံ အော့တဝါမြို့တွင် ကမ္ဘာ့ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ပလတ်စတစ်အမှိုက်တိုက်ဖျက်ရေး မဖြစ်မနေလိုက်နာရမည့် ပြဋ္ဌာန်းချက် တစ်ခုချမှတ်နိုင်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့ ပူးပေါင်း ပြီး နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ INC က ယခုကဲ့သို့ ဦးဆောင် ဆွေးနွေးကြခြင်း ဖြစ်သည်။

၂၀၂၅ နှစ်လယ်တွင် ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေး မဖြစ်မနေ လိုက်နာရမည့်မူဝါဒတစ်ရပ်အပြီး သတ်ချမှတ်မည်ဖြစ်ပြီး ယင်းသို့ မချ မှတ်နိုင်ပါက ပလတ်စတစ်ပမာဏသည် သုံးဆထိ မြင့်တက်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက ပြောသည်။သေးငယ် သည့် ပလတ်စတစ် အစများ သည် လူများ နိစ္စဓူဝရှူရှိုက်နေသည့် လေထုအပြင် အစားအစာနှင့်ရေများမှတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်နေပြီး ပင်လယ်သမုဒ္ဒရာများအတွင်း နှစ်စဉ် ဝင်ရောက်လာသည့် ပလတ်စတစ် အမှိုက်များသည် တန်ချိန်သန်းချီရှိ ကြောင်း သိရသည်။








(ref:AP)






အခြားဆက်စပ်သတင်းများ