နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ် နက္ခတ္တဗေဒလေ့လာရေး ကင်မရာကို ချီလီတောင်ထိပ်တွင် ထားမည်

ဆန်တီယာဂို၊ဧပြီ ၂၂

ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ် နက္ခတ္တဗေဒလေ့လာရေးကင်မရာကို ချီလီနိုင်ငံရှိ ပေ ၈,၉၀၀ မြင့်သည့် ဆယ်ရိုပါခွန်း တောင်ထိပ်တွင် ထား ရှိရန် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

၃,၂၀၀ မဂ္ဂါပစ်ဇယ်ရှိပြီး ၃,၀၀၀ ကီလိုဂရမ်လေးသည့် ဧရာမကင်မရာ ကြီးကို ကယ်လီဖိုနီးယားပြည်နယ်၊ မန်လိုပါ့ခ်ရှိ SLAC National Acce- lerator ဓာတ်ခွဲခန်း အင်ဂျင်နီယာ များနှင့် သိပ္ပံပညာရှင်များက တပ်ဆင် ပေးထားခြင်း ဖြစ်သည်။

အာကာသနှင့် အချိန်လေ့လာရေး (LSST) ကင်မရာဟု အမည်ပေး ထားသော အဆိုပါကင်မရာကြီးကို နေရာချထားပြီးပါက တစ်ညလျှင် ပုံ ၁၀၀၀ နှင့် ဒေတာ ၁၅ တီရာဘိုက်မှ ၂၀ တီရာဘိုက်အထိ ရိုက်ကူး မှတ်တမ်း တင်နိုင်မည် ဖြစ်သည်။

အဆိုပါကင်မရာကို Dark energy နှင့် Dark matter ၊ စကြဝဠာ ခွဲဝေမှု စသည့် အကြောင်းအရာများကို လေ့လာရန် သုံးစွဲနိုင်မည်ဖြစ်ပြီး ကင်မရာကြီးသည် ချီလီတောင်ထိပ်သို့ မေလတွင် ရောက်ရှိ မည်ဖြစ်ကာ တောင်ထိပ်ရှိ ဗီရာစီရူဘင် လေ့လာရေးစခန်း သုတေသနတယ်လီ စကုပ်ထိပ်များတွင် တပ်ဆင်မည်ဖြစ် ကြောင်း သိရသည်။








(ref: Reuters)






အခြားဆက်စပ်သတင်းများ