နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ သာယာကုန်းလမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့်ဘူတာရုံလမ်းရှိ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းများ သန့်ရှင်းသာယာ လှပစေရေး

ဧပြီ ၂၀ ရက်က  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ကြီးကြပ်၍ ဌာနဆိုင်ရာ များ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်နေပြည်သူများ ပူးပေါင်းအင်အား   ၁၁၀  ဦးဖြင့် စနေနေ့အထူးစုပေါင်းလုပ်အားပေးဆောင်ရွက်ကြရာ ကျောင်းဝင်းအတွင်း မြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်း များအတွင်းရှိ အမှိုက်နှင့်နုန်းများဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိ  အမှိုက်များကိုယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်း နိုင်သည့်နေရာများအတွင်း ခြင်ဆေးမှုတ်ခြင်း၊ ရေစည်ရေကန်များအတွင်းအဘိတ်ဆေးခတ်ခြင်း၊ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း စုပေါင်း  လုပ်အားပေးဆောင်ရွက်ကြစဉ်။








မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ