နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ရေး ပြည်သူအားလုံးဆောင်ရွက်ပေး

ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်ရေးသည် လူတို့၏ကျန်းမာရေး၊ အသက်ရှင်ရေး၊ လူမှုရေးနှင့်ဖွံ့ဖြိုးရေး အတွက် အရေးကြီးသောအချက်ဖြစ်သည်။ ရေကောင်းရေသန့်၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးမရှိခြင်း ကြောင့် ရောဂါများဖြစ်ပွားရန်အန္တရာယ်ရှိသည်။

အခြေခံပတ်ဝန်းကျင်သန့်ရှင်းရေးဝန်ဆောင်မှုတွင် လူများ စွန့်ထုတ်လိုက်သောအညစ်အကြေး၊ ဆီး၊ ဝမ်းတို့ကိုစွန့်ပစ်ရန် လုံခြုံစိတ်ချရသော အိမ်သာကိုလက်လှမ်းမီရရှိခြင်းဖြစ်သည်။ အခြေခံပတ်ဝန်းကျင်သန့်ရှင်းရေးမရှိလျှင် ကျန်းမာရေးနှင့် မညီညွတ်သောပတ်ဝန်းကျင်ဖြစ်ပြီး လူများ၏မစင်နှင့်ထိတွေ့နေ သော ညစ်ညမ်းသောပတ်ဝန်းကျင်ဖြစ်လာသည်။ ယင်ကြောင့် ညစ်ညမ်းပတ်ဝန်းကျင်နှင့်ထိတွေ့နေရသော အစားအစာများကို စားသုံးကြရသည်။

 မစင်မှကူးစက်တတ်သောရောဂါများကာကွယ်ရန် အစာကို ယင်မနားအောင်ဖုံးအုပ်ထားပါ။  အိုးခွက်ပန်းကန်များကို သုံးရေနှင့်သာ ဆေးကြောပါ။ လက်ကိုဆပ်ပြာနှင့်စင်အောင် ဆေးပြီးမှ အစားအစာ ထည့်မည့်အိုး၊ခွက်၊ ပန်းကန်များကို ကိုင်တွယ်ပါ။ ဟင်းသီး ဟင်းရွက်၊ သီးနှံ၊ သား၊ ငါးများကို သုံးရေ၊ ‌ရေသန့်နှင့်စင်ကြယ် အောင်ဆေးကြောပါ။ အစားအစာ များကိုစားခါနီးမှ ချက်ပြုတ်ပြီး ပူပူနွေးနွေးစားပါ။ သား၊ ငါး၊ ဥ များကိုကိုင်တွယ်ပြီးသည့်အခါတိုင်း လက်၊ ဓား၊ စဉ့်တီတုံး များကို ဆေးကြောရန်လိုအပ်သည်။ အလွယ်ကူဆုံးနှင့် စရိတ် အသက်သာဆုံးနည်းလမ်းဖြင့် ကျန်းမာဖို့ရာ လက်ကိုဆပ်ပြာဖြင့်စင်ကြယ်စွာဆေးရန်လိုအပ်သည်။

အိမ်သာကိုစနစ်တကျတည်ဆောက်သုံးစွဲရာတွင် ယင်လုံရမည်။ အနံ့ကင်းရမည်။ သန့်ရှင်းရမည်။ မစင်မှ‌ရောဂါမပြန့်စေရန်တားဆီး နိုင်ရမည်ဖြစ်သည်။ မြေပြင်ပေါ်မစင်မစွန့်ပါနှင့်။ ယင်မလုံပါက ထုံး၊ ပြာ၊ မြေကြီးနှင့်ဖုံးပါ။ အမှိုက်သရိုက်များကို ကျင်းတူး၍စွန့်ပစ်ခြင်း နေ့စဉ်ထုံး (သို့) မြေကြီးနှင့်ဖို့ရန်လိုအပ်သည်။

 ရပ်ရွာများတွင် ယင်မလုံအိမ်သာများရှိပါက ယင်ကောင်မှ          တစ်ဆင့်ဝမ်းနှင့်ပတ်သက်သောရောဂါများ ကူးစက်ရောဂါများ ပြန့်ပွားနိုင်သဖြင့် အိမ်သာမသုံးခြင်းအမူအကျင့်များပြောင်းလဲ သွားရန် အသိပညာပေးခြင်းများကို လုပ်ဆောင်ရမည်ဖြစ်သည်။

သန့်ရှင်းသောရေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးစနစ်ကို ဆောင်ကြဉ်းပေးခြင်းဖြင့် ကူးစက်ရောဂါများကို ကာကွယ်ပေးခြင်းဖြင့် ရောဂါဘေးမှကင်းလွတ်စေချင်ကြောင်း။   






အခြားဆက်စပ်သတင်းများ