နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုဘိုင်းဖုန်းဖြင့် အခြေခံဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်မှုသင်တန်း ဖွင့်လှစ်

ရန်ကုန် ဧပြီ  ၂၂

တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဖွင်လှစ်သည့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအား မိုဘိုင်း ဖုန်းဖြင့် မှတ်တမ်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်မှု သင်တန်း ကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Center) ခန်းမတွင် ပြုလုပ်သည်။

ဖွင့်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးသက်ဦးက အမှာစကားပြောကြားပြီး ဓာတ်ပုံ ကျွမ်းကျင်-၂  ဦးမျိုးလှိုင်က ကင်မရာအခြေခံသဘောတရားနှင့် မိုဘိုင်းဖုန်းဖြင့်  မှတ်တမ်းဓာတ်ပုံ စာတွေ့၊လက်တွေ့ရိုက်ကူးနည်း များကို သင်ကြားပို့ချပေးသည်။

သင်တန်းကို ဧပြီ၂၆ ရက်အထိ နံနက် ၉ နာရီမှ ၁၀ နာရီခွဲအထိ ဖွင့်လှစ်မည်ဖြစ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အဆင့်ပညာရေးဌာန၊မီးသတ်ဦးစီးဌာန၊ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အား  ဝန်ကြီးဌာနနှင့်ကြက်ခြေနီတပ်ဖွဲ့တို့မှ သင်တန်းသား၊သင်တန်းသူ (၁၂)ဦး တက်ရောက်ကြသည်။                              







တွံတေးသား






အခြားဆက်စပ်သတင်းများ