နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာမြို့နယ်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဒုတိယမြို့တော်ဝန် ဦးညီညီ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန် ဧပြီ  ၂၂

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်း က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းဆုံရှိ ဘုရင့်နောင်ပန်းခြံ တိုးချဲ့တည် ဆောက်ရေးလုပ်ငန်းများဆောင် ရွက်နေမှု၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် အဝင်လမ်းကို အင်ဂျင်နီယာ ဌာန(လမ်းနှင့်တံတား)က ကွန် ကရစ်ခင်းခြင်းလုပ်ငန်းဆောင် ရွက်နေမှု၊ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ဝင်းပင်မလေးထပ် ဆောင်ရှေ့ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)က ရေကန်တူးဖော်ပြီးစီးမှု၊ပန်း ဥယျာဉ်နှင့်အားကစားကွင်း များဌာနက ရေကန်ပတ်လည် စိမ်းလန်းစိုပြည်စေရေး ပန်း အလှပင်များနှင့် ယိုးဒယားဘဲ စားမြက်များ စိုက်ပျိုးထားရှိမှု၊ မြေယာရှုခင်း ဆောင်ရွက်ထား မှု၊အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)က ရေကန်အတွင်း ရေဖြည့်သွင်းပြီး လျှပ်စစ်ဓာတ် အား ၄၆ ကီလိုဝပ်ထုတ်လုပ်နိုင် သည့် ဆိုလာလျှပ်စစ်ဓာတ်အား ပေးစနစ်ဖြင့် အလှဆင်ရေပန်း သုံးခုမောင်းနှင်နေမှု၊ လှိုင် သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ မင်းရဲ ကျော်စွာ(၁၀)လမ်းကို အင်ဂျင် နီယာဌာန(လမ်းနှင့်တံတား)က ကွန်ကရစ်ခင်းကျင်းနေမှု၊ အင်ဂျင်နီယာဌာန(ရေစီးရေ လာစီမံခန့်ခွဲမှု)က ဘုရင့်နောင် တံတား‌ အမှတ်(၁)အနီးရန်ကုန်-  ပုသိမ်လမ်း တောင်ဘက်ခြမ်း ရေစုကန်ရေမြောင်းမှညောင် ချောင်းရေတံခါးသို့ အုတ်ရေ မြောင်းတည်ဆောက်နေမှုလုပ် ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ရှေးဦးစွာ ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် နံနက် ၈ နာရီတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့ နယ်၊ အမှတ် (၇) ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းနှင့်ရန်ကုန်- ညောင်တုန်းလမ်းဆုံရှိ ဘုရင့် နောင်ပန်းခြံ တိုးချဲ့တည် ဆောက်ရေးလုပ်ငန်းခွင်သို့ သွား ရောက်၍ ဘုရင့်နောင်ပန်းခြံ တိုးချဲ့မြေနေရာနှင့်ရန်ကုန်- ပုသိမ်လမ်းကြားရှိ ရေမြောင်း ကို အင်ဂျင်နီယာဌာန (ရေစီး‌ ရေလာစီမံခန့်ခွဲမှု)က အရှည် ၅၈၇ ပေ၊ အကျယ် ၈ ပေ၊ အနက် ၅ ပေ အုတ်ရေမြောင်း တည်ဆောက်နေမှု၊အင်ဂျင် နီယာဌာန (အဆောက်အအုံ)က ပွဲကြည့်စင်တည်ဆောက်ရန် မြေပြုပြင် ဆောင်ရွက်နေမှုတို့ ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယ မြို့တော်ဝန်က လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးဆောင် ရွက်ရန် မှာကြားပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။ ဘုရင့်နောင် ပန်းခြံတိုးချဲ့မြေနေရာတွင်၁၀ ပေပတ်လည် ဆိုင်ခန်းပေါင်း ၃၀၀ ပါရှိသည့် ၄ ဧကကျယ် ဝန်းသော ပျော်ပွဲရွှင်ပွဲကျင်းပရာ နေရာ၊ ပွဲကြည့်စင်၊ ပဒုမ္မကြာ ရေပန်း၊ ကလေးကစားကွင်း၊ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ရန်နေရာ၊ အမှိုက်စွန့်ပစ် ရန်နေရာ၊ အလျား ၁၀၈ ပေ၊ အနံ ၅၈ ပေရှိ ရှင်းလင်းဆောင် အဆောက်အဦနှင့်ယာဉ်အစီး ရေ ၂၀၀ ရပ်နားနိုင်သည့် ယာဉ် ရပ်နားရာနေရာများဆောင်ရွက်မည်ဖြစ်သည်။

ထိုမှတစ်ဆင့် ဒုတိယ မြို့တော်ဝန်နှင့်အဖွဲ့သည် ထန်း တပင်မြို့နယ်၊ရွှေပြည်သာ တံတားလမ်းနှင့် အနော်ရထာ လမ်းဆုံအဝိုင်းမှ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ရှေ့ အထိ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်အဝင်လမ်းကို အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)က အရှည် ၁၈၀၀၀ ပေ၊ အကျယ် ၃၃ ပေ၊ ထု၉ လက်မရှိ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် ကာလအတွင်း စံချိန်စံညွှန်းနှင့် အညီ အမြန်ပြီးစီးရေးဆောင် ရွက်ရန် မှာကြားပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယ မြို့တော်ဝန်နှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်၊ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်သို့ သွားရောက်၍ အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)   က  ပင်မလေးထပ်ဆောင်ရှေ့ အရှည် ၆၆၅ ပေ၊ အကျယ် ၁၁၀ ပေ၊ အနက် ၅  ပေရှိ ရေကန် တူးဖော်ပြီးစီးမှု၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက ရေကန်ပတ်လည် စိမ်းလန်း စိုပြည်စေရေး ပန်းအလှပင်များ နှင့် ယိုးဒယားဘဲစား မြက်များ စိုက်ပျိုးထားရှိမှု၊ အင်ဂျင်နီယာ ဌာန(ရေနှင့်သန့်ရှင်းမှု)က ရေကန်အတွင်းရေဖြည့်သွင်းပြီး လျှပ်စစ်ဓာတ်အား ၄၆ ကီလိုဝပ် ထုတ်လုပ်နိုင်သည့် ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် အလှဆင်ရေပန်းသုံးခုမောင်းနှင်နေမှု၊ ရေကန်ပတ်လည် မြေထိန်း နံရံတည်ဆောက်ပြီးစီးမှု၊ ကန် ပေါင်တွင်လူသွားလမ်းဆောင်ရွက်ပြီးစီးနေမှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယ မြို့တော်ဝန်က တက္ကသိုလ်ဝင်း အတွင်း ရေဝပ်မှုမရှိစေရေးနှင့် ရေစီးရေလာကောင်မွန်စေရေး အလေးထားဆောင်ရွက်ရန်၊ မြေယာရှုခင်းလုပ်ငန်းများ အချိန်မီပြီးစီးအောင် ဆောင် ရွက်ရန်မှာကြားကာ လိုအပ် သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

ထို့နောက် ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည်  လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ မင်းရဲကျော်စွာ(၁၀)လမ်းကို အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)ကအရှည် ၁၆၃၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မ ကွန်ကရစ် ခင်းကျင်းနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီးဒုတိယ မြို့တော်ဝန်က သတ်မှတ်စံချိန် စံညွန်းနှင့်အညီ အမြန်ပြီးစီးရေး နှင့် ရေစီးရေလာကောင်းမွန် စေရေး ဆောင်ရွက်ရန် မှာကြား ကာ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက်  ဒုတိယ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင် သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ဘုရင့် နောင် တံတား‌အမှတ်(၁)အနီး ရန်ကုန်-ပုသိမ်လမ်းတောင် ဘက်ခြမ်း ရေစုကန်ရေမြောင်းမှ ညောင်ချောင်းရေတံခါးသို့ အရှည် ၃၀၀ ပေ၊ အကျယ်၈ ပေ၊ အနက် ၅ ပေရှိ အုတ်ရေ မြောင်းတည်ဆောက်ထားရှိမှု ကို သွားရောက်ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။           


   







သတင်း-ရဲနန္ဒာလင်းမြင့်             ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ