နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကင်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အကြား ပါရမီလမ်း ကတ္တရာကွန်ကရစ်(AC) ခင်းခြင်းလုပ်ငန်း ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဧပြီ  ၂၂

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာ‌ရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် သက်ဆိုင်ရာဌာနမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက်  ယမန်နေ့ညပိုင်းက အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား)က ဆောင်ရွက်နေသည့် မရမ်းကုန်း မြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့ အကြား ဆက်သွယ်ထားသော ပါရမီလမ်းတစ်လျှောက် ပြည် လမ်းမှဝေဇယန္တာလမ်းအထိ   အရှည် ၉၅၃၀ ပေ၊ အကျယ် ၅၀ ပေ၊ ထု ၂ လက်မကတ္တရာ ကွန်ကရစ် (AC)ထပ်ပိုးလွှာခင်း ၍ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး ဆောင်ရွက်ရန်၊ပါရမီ တံတားအောက်ခြေ ပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်ရန်၊ ဆည်မြောင်းချောင်း ရေစီးရေ လာကောင်းမွန်ရေး ဆောင်ရွက် ရန် မှာကြားကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။                







မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ