နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကြီးမှူးကျင်းပသော အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်လှစ်

ရန်ကုန်၊ ဧပြီ ၂၂

ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ)က ကြီးမှူး၍ လေယာဉ် ထုတ်လုပ်ပြင်ဆင်ရေး ဌာနချုပ် က တာဝန်ယူဖွင့်လှစ်သည့် အခြေခံလေကြောင်း လူငယ် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက လေယာဉ်ထုတ် လုပ်ပြင်ဆင်ရေး ဌာနချုပ်ရှိ ရန်ကုန်သင်တန်း စခန်းတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ စစ်ဘက်နယ် ဘက်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြများ၊ သင်တန်း သား/ သင်တန်းသူများ တက် ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က သင်တန်း ဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များကို အခြေခံအဆင့် လေကြောင်းဆိုင်ရာ ပညာရပ် များ ကျွမ်းကျင်စွာ တတ်မြောက် စေရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကျန်းမာကြံ့ခိုင်ပြီး စုပေါင်း ဆောင်ရွက်တတ်မှု အလေ့ အကျင့်များရရှိစေရေး၊ လေ ကြောင်းပညာသမိုင်းကို လေ့လာ ခြင်းဖြင့် လေကြောင်းနှင့် အာကာသသိပ္ပံ ပညာရပ်များ တွင် စိတ်ပါဝင်စားမှုပိုမိုတိုးပွား လာစေရေးနှင့် တပ်မတော် (လေ) အတွက် အနာဂတ်တွင် အင်အားသစ်များ ပေါ်ထွက်လာ စေရေးတို့အတွက် ရည်ရွယ်၍ အခြေခံလေကြောင်း လူငယ် သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်မည့် အခြေခံလေကြောင်း လူငယ် သင်တန်းတွင် လေကြောင်း ပညာသမိုင်း၊ လေယာဉ်ပျံသန်း မှု အခြေခံသဘောတရား၊ ‌လေယာဉ်ကိုယ်ထည် တည် ဆောက်မှုသဘောတရား၊ လေ ယာဉ်စက်ရုံ တည်ဆောက်မှု အခြေခံများ၊ လေယာဉ်ပုံစံငယ် တည်ဆောက်မှု အခြေခံများ၊ RC လေယာဉ်၊ ရဟတ်ယာဉ် မောင်းနှင်ခြင်း၊ RC Simu-lator မောင်းနှင်ခြင်း၊ အခြေခံ စစ်ရေးပြ (လက်နက်မဲ့)ဘာသာ ရပ်စသည့် သင်ခန်းစာများ ကို နည်းပြများက စာတွေ့၊ လက်တွေ့ သင်ကြားပေးသွား မည်ဖြစ်ကြောင်း၊ သင်တန်း သား၊ သင်တန်းသူများ အနေဖြင့် နိုင်ငံတော်က အားထားရသည့် ပျံသန်းရေးဆိုင်ရာ ပညာရှင်များ၊ လေကြောင်း စက်မှုလက်မှု ဆိုင်ရာပညာရှင်များ၊ မြို့ပြလေ ကြောင်းဆိုင်ရာ ပညာရှင်များ ဖြစ်ပေါ်လာစေရေးတို့အတွက် အနာဂတ်လေကြောင်း မျိုးဆက် သစ်လူငယ်များဖြစ်သည်နှင့် အညီ ကြိုးစားအားထုတ်သွား ကြရန်လိုအပ်ကြောင်း တိုက် တွန်းပြောကြားသည်။

ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခြေခံလေကြောင်း လူငယ်သင်တန်းအတွက် ထောက်ပံ့ငွေများကို လေယာဉ် ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်၊ ဒုတိယဌာနချုပ်မှူးထံ ပေးအပ် သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများ ကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ပြသထားသည့် သင်ထောက် ကူပစ္စည်းများကို ကြည့်ရှုလေ့ လာကြသည်။

တပ်မတော် (လေ)အနေဖြင့်  အခြေခံလေကြောင်း လူငယ် သင်တန်းသား ၇၅၀ ဦးနှင့် တန်းမြင့် လေကြောင်းလူငယ် သင်တန်းသား ၁၀၀ ဦးတို့ကို သင်တန်းစခန်း ၁၇ ခုတွင် စုစု ပေါင်း ၈၅၀ ဦးဖြင့် ဖွင့်လှစ် ပေးသွားမည်ဖြစ်ပြီး တောင်ကြီး၊ မန္တလေး၊ ကျိုင်းတုံ၊ မော်လမြိုင် နှင့်ပြည်မြို့များတွင်လည်း သင်တန်းများ ဖွင့်လှစ်ပို့ချပေး သွားမည်ဖြစ်သည်။

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ