နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောင်ဆန်းတောရတပ်ဦးကျောင်းတိုက် ခုနစ်ရက် တရားစခန်းပွဲ လူဦးရေ ၁၃၀၀ ကျော်ဖြင့် ဖွင့်လှစ်

ရန်ကုန်  ဧပြီ  ၂၁
အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရတပ်ဦးကျောင်းတိုက်၌ ခုနစ်ရက် တရားစခန်းပွဲကို လူဦးရေ ၁၃၀၀ ကျော်ဖြင့် အဆိုပါ ကျောင်းတိုက်မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာအဖွဲ့ခွဲ အမှတ် (၇၇)တွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ တရားစခန်းပွဲကို အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဇောတိကဓဇ၊ ဝိဇ္ဇာကာသီ သီရိကမ္မဌာနာစရိယ (သီရိလင်္ကာနိုင်ငံ)၊ Ph.D (Social Science)၊ Ph.D(Vipassana Bhavana)Thailand၊ မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ်ကြီး (ရန်ကုန်) ၏ မဟာနာယက၊ အဘယလာဘမုနိ ကျောက်တော်ကြီးဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါ စရိယ၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာအဖွဲ့ခွဲ အမှတ် (၇၇) ၏ ပဓာနနာယက၊ နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံစွမ်းဆောင်ရည် ဆုတံဆိပ်ရ၊ အင်းစိန်မြို့နယ် သံဃနာယကအဖွဲ့ ဩဝါဒါစရိယ၊ ပြည်တွင်း ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ အရှင်သူမြတ်၏ ကြီးကြပ်မှုဖြင့် ဧပြီ ၁၃ ရက်မှ ဧပြီ ၁၉ ရက်အထိ ဖွင့်လှစ်ခဲ့သည်။







ဇွဲထက်ကို
(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ