နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဟာသင်္ကြန်ပွဲတော်ရက်များအတွင်း ယာယီရပ်နားခဲ့သည့် မြို့ပတ်ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲ

ရန်ကုန် ဧပြီ ၂၁

ရန်ကုန်တိုင်းဒေသကြီးတွင် မဟာသင်္ကြန်ပွဲတော်ရက်များ အတွင်း ယာယီရပ်နားခဲ့သည့် ရန်ကုန်မြို့ပတ်ရထားခရီးစဉ်များကို ယခုအခါ ပုံမှန်ပြန်လည်ပြေးဆွဲနေပြီး ခရီးသည်လိုက်ပါစီးနင်းမှု  အနေအထားအပေါ်မူတည်ကာ လိုအပ်သလို တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားများကို ဧပြီ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်များတွင် ပြေးဆွဲမှု ယာယီရပ်နား ခဲ့ပြီး မြန်မာနှစ်ဆန်း ၁ ရက် ဧပြီ ၁၇ ရက်မှစ၍ ပုံမှန် ပြန်လည် ပြေးဆွဲလျက်ရှိရာ ရထားလက်မှတ်ခများမှာ ယခင်အတိုင်း ၂၀ဝ ကျပ်နှင့် ၃၀ဝ ကျပ်သာ ဖြစ်သည်။

"ရန်ကုန်မြို့ပတ်ရထားတွေကို သင်္ကြန်အကျနေ့၊ အကြတ်နေ့နဲ့ အတက်နေ့တွေမှာ ပြေးဆွဲမှု ယာယီရပ်နားခဲ့ပြီးတော့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစပြီး ပုံမှန်ပြန်လည်ပြေးဆွဲပေးနေ ပါတယ်။ အခုလက်ရှိ တစ်ရက်ကို မြို့ပတ်ရထားစီး ခရီးသည် ၉၀ဝ၀ ကျော် ရှိပါတယ်။ လက်ရှိမှာ နေ့စဉ် RBE တွဲဆိုင်းခြောက် ဆိုင်းနဲ့ လက်ဝဲရစ်၊ လက်ယာရစ် စုစုပေါင်းအခေါက်ရေ ၃၅ ခေါက် ပြေးဆွဲနေပြီးတော့ ခရီးသည်အနေအထားအပေါ်မူတည်ပြီး ထပ်တိုးပြေးဆွဲပေးဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။    







(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ