နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကံပိုင်တည် ကုန်သွယ်ရေးစခန်း ကန်ဒေါ်လာ ၆၇ ဒသမ ၂၃၅ သန်းဖိုး ကုန်သွယ်မှုပြုနိုင်

ရန်ကုန် ဧပြီ ၂၁

ကချင်ပြည်နယ်၊ ကံပိုင်တည်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ မတ် ၂ ရက်အထိ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၂၃၅ သန်းဖိုး ကုန်သွယ်မှုပြုခဲ့ပြီး သွင်းကုန်ပမာဏထက် ပို့ကုန်ပမာဏက ပိုများကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ဆန်၊ ပဲအမျိုးမျိုး၊ နှမ်း၊ ဖရဲသီး၊ သခွားမွှေး၊ တစ်သျှူးငှက်ပျော၊ ကြက်သွန်နီ၊ ရော်ဘာစိမ်း၊ မန်ကျည်းသီးနှင့် အခြားလယ်ယာကိုင်းကျွန်း ထွက်ကုန်ပစ္စည်းများအပြင် သတ္ထု တွင်းထွက်ပစ္စည်းများကိုလည်း တင်ပို့ခဲ့ပြီး တင်ပို့မှုအများဆုံးမှာ တစ်သျှူးငှက်ပျောများဖြစ်သည်။

သွင်းကုန်များအဖြစ် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ စီးပွားရေး လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်များနှင့် သစ်သီးများ တင်သွင်းခဲ့သည်။ 

"ပို့ကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၄၁၅ သန်းဖိုးနဲ့ သွင်းကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၂ သန်းဖိုးရှိခဲ့ပြီး သွင်းကုန်ထက် ပို့ကုန်ပမာဏက ပိုများပါတယ်" ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကံပိုင်တည် နယ်စပ်ကုန်သွယ်ရေးစခန်းအနေနှင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကလည်း ကန်ဒေါ်လာ ၁၈ ဒသမ ၅ သန်း လျာထားချက်ထက်ကျော်လွန်ကာ ၁၁၆ ရာခိုင်နှုန်းခန့်အထိ ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း သိရသည်။                       








(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ