နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲ အလှူတော် ငွေကျပ်သိန်းပေါင်း ၉၀ဝ၀ ကျော်ရရှိ

မင်းဘူး ဧပြီ ၂၁

မင်းဘူး (စကု) မြို့နယ်တွင်းရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကြီးကို တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ ၆၄ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ထိုဘုရားပွဲတော် ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ  ရဟန်းရှင်လူ လုပ်သားပြည်သူဦးရေ လေးသိန်းကျော် လာရောက်ကြောင်း သိရ သည်။

ဘုရားပွဲတော်အတွင်း အလှူတော်ငွေ ကျပ်သိန်းပေါင်း ၉၀ဝ၀ ကျော်ရရှိခဲ့ပြီး ဘုရားပွဲတော်ကာလ ပြီးမြောက်သွားသော်လည်း ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ အချိန်မရွေး လာရောက် ဖူးမြော်ကြရန် မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ စီစဉ်ဖိတ်ခေါ် ထားသည်။

"ဘုရားပွဲတော်ကာလအတွင်းမှာ ရဟန်းရှင်လူ လုပ်သားပြည်သူ  ၄၀၆၆၆၂ ဦး လာရောက်ကြပြီး ယာဉ်အစီးရေ ၄၁၅၄၄ စီး ဝင်ရောက်ခဲ့ပါတယ်။  ဘက်စုံအလှူတော်ငွေ ကျပ်သိန်းပေါင်း ၃၇၀ဝ ကျော်နဲ့ ရွှေဆိုင်းရောင်းချရငွေကျပ်သိန်းပေါင်း ၄၉၀ဝ ကျော်၊ စုစုပေါင်းအလှူတော်ငွေ ကျပ်သိန်းပေါင်း ၉၀ဝ၀ ကျော် ရရှိခဲ့ပါတယ်" ဟု မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောသည်။

ယခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း တည်းခိုဆောင် ၆၀ ခန့်၊ တည်းခိုခန်းပေါင်း ၁၀ဝ၀ ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း ၈၀ဝ ကျော် ဖွင့်လှစ်ခဲ့ပြီး ညအိပ်တည်းခိုခွင့် ပြုကာ အခန်းငှားခများကိုလည်း သတ်မှတ်ဈေးနှုန်းထက် ပိုမို ကောက်ခံခြင်းမပြုရန် ကြပ်မတ်ဆောင်ရွက်ပေးထားသည်။








(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ