နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနံချောင်းမြို့နယ်တွင် အရိပ်ရသစ်ပင် ၅၀၀၀ မိုးရာသီ၌ စိုက်ပျိုးသွားမည်

ရန်ကုန်  ဧပြီ  ၂၁

ရေနံချောင်းမြို့နယ်တွင် မိုးရာသီ၌ အရိပ်ရသစ်ပင် ညောင် ခြေထောက်၊ ကုက္ကို၊ သရက် အပါအဝင် သစ်ပင် ၅၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ်ရှိ ရေနံသာဒင်းဂါး ညီနောင်များ သစ်ပင်စိုက်၊ ရေကန်ဖော်၊ ရေချမ်းစင်တည်ဆောက် ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါအဖွဲ့သည် မြို့နယ်အတွင်း အရိပ်ရသစ်ပင်များ စိုက်ပျိုး ခြင်း၊ သောက်သုံးရေလှူဒါန်းခြင်း၊ ကျွဲ၊ နွား၊ ဆိတ်၊ သိုးနှင့် ငှက်များ သောက်သုံးရန် ရေကန်တည်ဆောက်ခြင်းတို့ကို လုပ်ကိုင်လျက်ရှိ ရာ လက်ရှိ စိုက်ပျိုးထားသော သစ်ပင်များကို ရေလောင်းရေသွင်း ခြင်း၊ ပေါင်းမြက်သင်ခြင်း၊ မြေဩဇာကျွေးခြင်းအပြင် ငှက်များနှင့် လွှတ်ကျောင်းထားသော သိုး၊ ဆိတ်၊ နွားများအတွက် ရေကန်များ တူးဖော်ထားကာ လက်ရှိ သစ်ပင်ပေါင်း သုံးသောင်း စိုက်ပျိုးထားရှိ ပြီးဖြစ်ကြောင်း သိရသည်။                           







ဆန်းညွန့်-ရေနံချောင်း






အခြားဆက်စပ်သတင်းများ