နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ကြီးတံခွန်မြို့နယ် မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့

ရန်ကုန်  ဧပြီ  ၂၁

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၂ လမ်းရှိ ဗြဟ္မစိုရ်လူမှု ကူညီရေးအသင်းသည် မြို့တွင်း၊ မြို့ပြင် နာမှုကူညီပို့ဆောင်ပေး ခြင်း၊ သဘာဝဘေးနှင့် မီးဘေးကူညီထောက်ပံ့ပေးခြင်း၊ ရေတွင်း/ ရေကန်များ တူးဖော်တည်ဆောက်ပေးခြင်း၊ ကျန်းမာရေးအထွေထွေ ဆေးကုသခြင်း၊ မျက်စိခွဲစိတ်ကုသခြင်း၊ ကျောက်ကပ်တု သွေး သန့်စင်ခြင်း၊ အကြောအဆစ်ကုသခြင်း၊ သွားရောဂါကုသခြင်းများ ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း (မန္တလေး) သဘာဝဘေးကူညီရေး အဖွဲ့သည် ဧပြီ ၁၇ ရက်က ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်း ရပ်ကွက် မီးဘေးသင့် အိမ်ထောင်စု ၁၄ စုအား အသင်းဒုတိယဥက္ကဋ္ဌ ဦးမျိုးတင့်နှင့် အလုပ်အမှုဆောင်များက မီးလောင်ပြင်သို့ ကွင်းဆင်း ၍ မီးဖိုချောင်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ စုစုပေါင်းကျပ် ၁၀ သိန်းဖိုး ထောက်ပံ့ပေးအပ်ကြသည်။








(ပုံ)မောင်ပြည်သူ (မန္တလေး)






အခြားဆက်စပ်သတင်းများ