နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သောက်သုံးရေလိုအပ်သည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်လှူဒါန်း

ရန်ကုန်  ဧပြီ  ၂၁

နွေရာသီကာလ သောက်သုံး ရေလိုအပ်သည့် ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်း များသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန စီစဉ်ညွှန်ကြား ချက်အရ ခရိုင်၊ မြို့နယ်အသီးသီး ရှိ မီးသတ်တပ်ဖွဲ့ဝင်များက ဧပြီ တတိယပတ်အတွင်း သွားရောက် လှူဒါန်းလျက်ရှိကြသည်။

ထိုသို့ လှူဒါန်းရာတွင် ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၈) ရပ်ကွက်၊ ဓမ္မသစ္စာ ဘုန်းတော်ကြီးကျောင်းသို့ ရေ ဂါလန် ၃၂၀၀၊ ဒေါပုံမြို့နယ်၊ ယမုံနာ ၁ ရပ်ကွက်၊ အသောက ရာမ ဘုန်းကြီးကျောင်းသို့ ရေ ဂါလန် ၁၆၀၀ နှင့် ယမုံနာ ၂ ရပ်ကွက်၊ ရွှေညောင်ပင်ကျောင်း တိုက်သို့ ရေဂါလန် ၃၂၀၀၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွား ရေးရပ်ကွက်ရှိ မဟာစည်မြဝတီ သာသနာ့ရိပ်သာသို့ ရေဂါလန် ၁၆၀၀၊ စံပြရပ်ကွက်၊ စံပြ (၅) လမ်းရှိ မဟာသဒ္ဓမ္မသိပ္ပံသီလရှင် စာသင်တိုက်သို့ ရေဂါလန် ၁၆၀၀၊ စံပြရပ်ကွက်၊ စံပြ (၅) လမ်း ရန်မျိုးအောင် ဘုရားကြီး ပရိယတ္တိစာသင်တိုက်သို့ ရေ ဂါလန် ၁၆၀၀၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ၈၈ ရပ်ကွက်၊ သုခိတာလမ်းရှိ ကေသရာ ရာမ ဘုန်းတော်ကြီးကျောင်းတွင် ရေ ဂါလန် ၃၂၀၀၊ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ်၊ အမှတ် ၁၂၁ ရပ်ကွက် ဝိစိတ္တာရာမ ကံပေါ် ဘုန်းကြီးကျောင်းသို့ ရေဂါလန် ၁၆၀၀၊ အမှတ် ၁၅၅ ရပ်ကွက်နေ ပြည်သူများနှင့် အောင်မင်္ဂလာ လမ်းနှင့် အာသာဝတီလမ်းရှိ နေအိမ် ၂၀၀ ခန့်မှ ပြည်သူများ အတွက် ရေဂါလန် ၆၄၀၀၊ ကော့မှူးမြို့နယ် မန်ကျီးကန် ကျေးရွာ၊ အောင်မြေချမ်းသာ ကျောင်းတိုက်သို့ ရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်းကြ သည်။

ထို့ပြင် သောက်သုံးရေနှင့် သုံးရေ လိုအပ်ချက်ရှိသည့် ရပ်ကွက်/ကျေးရွာများရှိ ဘုန်း တော်ကြီးကျောင်းများ၊ သီလရှင် ကျောင်းများနှင့် ပြည်သူများထံ သို့ ဆက်လက်ပို့ဆောင်ပေးလျက် ရှိသည်။ 







ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ