နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာပေါင်းမြို့နယ် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ရှင်းလင်းဆွေးနွေး

သာပေါင်း  ဧပြီ   ၂၁

သာပေါင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန် နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောပွဲများကို ရပ်ကွက်၊ ကျေးရွာအုပ်စုများအရောက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၉ ရက်က အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်းဓမ္မဗိမာန်ကျောင်းတိုက် ဓမ္မဝိဇယဓမ္မာရုံ၌ ကျင်းပသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က တိုင်းရင်းသားအားလုံး ပြည်သူ့စစ်မှုထမ်းရန် တာဝန်ရှိကြောင်း၊ နိုင်ငံတော်ကိုကာကွယ်ရန် နိုင်ငံသားတိုင်းမှာ တာဝန်ရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှု ထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ တရား မဝင်မီဒီယာများ၏ Online ပေါ်တွင် ကောလာဟလလုပ်ကြံ သတင်းများ လှုံ့ဆော်နေသကဲ့သို့ စိုးရိမ်ကြောင့်ကြမှု မဖြစ်‌စေ လိုကြောင်း၊ ချက်ချင်းအကျုံးဝင်သူအားလုံး ခေါ်ယူမည် မဟုတ်ကြောင်းစသည်ဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ အချက်အလက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောပြီး တက်ရောက်လာကြသော ရပ်ကွက်နေပြည်သူများက သိလိုသည်များ မေးမြန်းကြရာ ပြန်လည်ဖြေကြားပေးကြောင်း သိရသည်။








မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ