နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်းမြို့နယ် ရွှေဖရုံသီးများဈေးကောင်းရရှိ

မိုင်းယောင်း   ဧပြီ    ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်း မြို့နယ်တွင် ရွှေဖရုံသီးများဈေးကောင်းရရှိသဖြင့် ရွှေဖရုံစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရွှေဖရုံအရောင်းအဝယ်ပြုလုပ်သူများက ရွှေဖရုံအပါအဝင်အခြားဟင်းသီးဟင်းရွက်များကို တစ်ကြိမ်ဝယ်လျှင် ကျပ်တစ်သိန်းဝန်းကျင် ခန့် လာရောက်ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် ရွှေဖရုံသီးများ အထွက်ကောင်း၍ ဈေးကောင်းရရှိသောကြောင့် အဆင်ပြေမှုရရှိကာ မိသားစုစားဝတ်နေရေးအပြင် အပိုဝင်ငွေများရရှိကြောင်း သိရသည်။

ရွှေဖရုံကို အများအားဖြင့် ပင်လျှောက်သွားစနစ်ဖြင့် စိုက်ပျိုးပြီး ရက် ၁၀၀ အကြာတွင် စတင်ခူးဆွတ်နိုင်ကာ ရွှေဖရုံသီးအရွယ်အစား အလိုက် တစ်လုံးလျှင်ကျပ် ၁၀၀၀ မှ ကျပ် ၃၀၀၀ အထိ ရောင်းချရသဖြင့် ရွှေဖရုံစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။







(၅၀၅)






အခြားဆက်စပ်သတင်းများ