နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖရဲသီးများဆွတ်ခူးရောင်းချချိန် ဈေးကောင်းရရှိ

ညောင်ဦး   ဧပြီ    ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ် ထွက်ကုန်ဖြစ်သည့် ဖရဲသီးများစတင်ဆွတ်ခူးချိန်တွင် ဈေးနှုန်းကောင်းခြင်းကြောင့် ဖရဲစိုက်တောင်သူများ ဆွတ်ခူးရောင်း ချချိန် ဝင်ငွေတွက်ခြေကိုက်ကြကြောင်း ဂျပန်ဖရဲစိုက်ပျိုးတောင်သူ ဦးမင်းမင်းထွန်းထံက သိရသည်။

ယခင်နှစ်က ကျောက်ပန်းတောင်းမြို့နယ်ထွက် ဖရဲသီးများ ဈေးကောင်းမရသော်လည်း ယခုနှစ်တွင် ဈေးကောင်းရရှိကြောင်း၊ ခေါင်သီးတစ်လုံး ၃၀၀ဝ ကျပ်ရောင်းချရပြီး ခေါင်သီးမဟုတ်သည့် အသီးများ ၂၅၀၀ ကျပ်ရောင်းချရ ဖရဲစိုက်ပြီး ရက်ပေါင်း ၆၅ ရက်ရှိလျှင် ခူးဆွတ်ချိန်ရောက်ရှိကြောင်း သိရသည်။ ကျောက်ပန်း တောင်းမြို့နယ်အတွင်း ဂျပန်ဖရဲ(ခေါ်) 2.1.1 မျိုး တစ်မျိုးထဲသာ စိုက်ပျိုးကြပြီးအခြားဒေသများတွင် ဒုံးကျည်သီးဖရဲဟု ခေါ်ကြောင်းလည်း သိရသည်။ 

အခြားဒေသများတွင် အလုံးကြီးသည့်  5-1-1 အမှတ်တံဆိပ် ဖရဲမျိုးများသာ စိုက်ပျိုးကြပြီး ဂျပန်ဖရဲမျိုးများနှင့်ယှဉ်လျှင် ဂျပန်ဖရဲ၏ အရသာကပိုသာကြောင်းနှင့် ဖရဲသီးစိတ်ရောင်းချရာတွင် ဂျပန်ဖရဲသီးကိုအကြိုက်များသည့် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများသည် ဖရဲစိုက်ပျိုးခြင်းအား မြေအောက်ရေ တွင်းများ တူးဖော်ကာ စိုက်ပျိုးကြကြောင်း၊ ဖရဲပင်သည် ရေကြိုက် ကာ ရေဓာတ် ၇၅ ရာခိုင်နှုန်းပါဝင်ခြင်းကြောင့် အပွင့်စတင်ပွင့် ချိန်မှ အသီးခူးဆွတ်မရောင်းမချင်း ရေသွင်းပေးရကြောင်း၊  ဖရဲ စိုက်ပျိုးရောင်းချသူများသည် စိုက်ခင်းသူကိုယ်တိုင် ကျောက်ပန်း တောင်းဈေးသို့ သွားရောက်ရောင်းချခြင်းနှင့် ဖရဲပွဲစားများစိုက်ခင်း အထိ လာရောက်ဝယ်ယူခြင်းများလည်းရှိကြောင်း သိရသည်။













ဒီပါလင်း






အခြားဆက်စပ်သတင်းများ