နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အလုပ်အမှုဆောင်ခန့်အပ်လွှာပေးအပ်ပွဲ ကျင်းပ

ရန်ကုန် ဧပြီ  ၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (သင်္ဃန်းကျွန်းခရိုင်)၏ အလုပ်အမှုဆောင် ခန့်အပ် လွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းရှိ အမှတ်(၃၇၄) ဘာသာပေါင်း စုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားပြီး ဘာသာပေါင်းစုံ       ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးထွန်း ထွန်းဝင်း အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)/တိုင်းဒေသကြီး/ခရိုင်တို့မှ သက်ဆိုင်ရာတာဝန်ရှိသူများက ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ (သင်္ဃန်းကျွန်းခရိုင်) ဥက္ကဋ္ဌ ဦးကျော်စည်သူနှင့် အလုပ်အမှု ဆောင်အား ခန့်အပ်လွှာများ အသီးသီးပေးအပ်သည်။

ထို့နောက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (သင်္ဃန်း ကျွန်းခရိုင်) ဥက္ကဋ္ဌ ဦးကျော်စည်သူ ကျေးဇူးတင်စကား ပြန်လည်ပြော ကြားကာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)/တိုင်းဒေသကြီး/ခရိုင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး သင်္ဃန်းကျွန်းခရိုင်အတွင်း ဘာသာပေါင်းစုံမှ ဘာသာဝင်အချင်းချင်း တစ်ဦး၏သဘောတရား၊ ယုံကြည်ချက်နှင့် ခံယူချက်များကို အပြန်အလှန်လေးစားလျက် အတူတကွ အေးချမ်းစွာ နေထိုင်သွားကြရန်၊ မြို့နယ်အတွင်း၌ ဘာသာရေး ပဋိပက္ခများ (သို့) အခြားသဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပေါ်လာသော သဘာဝဘေးဒဏ်များအပေါ် ကူညီစောင့်ရှောက်ရေး၊ ဘာသာရေး နှင့် လူမှုရေးပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကို ကူညီ စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင် ရွက်ကြရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် တည်ထောင်ဖွဲ့စည်း ထားခြင်းဖြစ်သည်။                            








 နိုင်လင်းအောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ