နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သောက်သုံးရေရှားပါး ပြတ်လပ်မှုမရှိစေရေး သောက်သုံးရေများ လှူဒါန်း

ရန်ကုန် ဧပြီ  ၂၁

ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ ပူပြင်းခြောက်သွေ့သော နွေရာ သီသို့ ရောက်ရှိလာပြီဖြစ်၍ ရေရှားပါးမှုနှင့်ရေပြတ်လပ်မှုမရှိစေရေး အတွက် သောက်သုံးရေများအား မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင် များက ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ဓမ္မသစ္စာဘုန်းတော်ကြီးကျောင်း တိုက်သို့ သွားရောက်လှူဒါန်းသည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် အမှတ်(၄၈) ရပ်ကွက်၊ ငုဝါလမ်း ရှိ ဓမ္မသစ္စာဘုန်းတော်ကြီးကျောင်းတိုက်တွင် သောက်သုံးရေ ပြတ်လပ် မှုမဖြစ်ပေါ်စေရေးအတွက် သောက်သုံးရေ ၃၂၀၀ ဂါလန်အား မြို့နယ် မီးသတ်ဦးစီးဌာန၊ ဒုတိယ မီးသတ်ဦးစီးမှူး ဦးအောင်ကျော်စိုး ဦးဆောင်  ၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးတို့ဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရေရှားပါးမှုနှင့် ရေပြတ်လပ်မှုမရှိစေရေး သောက်သုံးရေ များလိုအပ်ပါက မြို့နယ်မီးသတ်ဦးစီးဌာန ဖုန်းနံပါတ် ၀၁၃၅၈၄၀၆၀ သို့ အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရ သည်။                                                                             







 မြင့်မြင့်ရီ






အခြားဆက်စပ်သတင်းများ