နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန်တောင်ပိုင်းတွင် မိုးကြီးရေလျှံမှုဖြစ်ပေါ်

တီဟီရန် ဧပြီ ၂၁

အီရန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသ တွင် ဧပြီ ၂၀ ရက်က မိုးသည်းထန်မှု နောက်ဆက်တွဲ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ဒေသခံများသည် ရေထုထဲတွင် လှေများနှင့်သွားလာနေသည်ကို တွေ့ရပြီး ရေလယ်တွင် ပိတ်မိသောင် တင်နေသူများကို ကြိုးခွေများပစ်ချ ကာ ကယ်ဆယ်ရန် ကြိုးပမ်းနေသည် ကိုလည်း တွေ့ရသည်။  

ဒေသခံတစ်ဦးကမူ ရေကြီးမှု ကြောင့် သောက်သုံးရေ မရှိသလို သွား လာ အသုံးပြုနိုင်သည့် လမ်းများ လည်း မရှိကြောင်း၊ အီရန် တောင် ပိုင်းတွင် မိုးရေချိန် ပြင်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသခံထောင် ပေါင်းများစွာ နေရပ်ရွှေ့ပြောင်းရပြီး အခြေခံအဆောက်အအုံများနှင့် လယ်ယာမြေများလည်း ပျက်စီး လျက်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ရက်အနည်း ငယ်ကလည်း အရှေ့အလယ်ပိုင်း တခွင်ရှိ ဒေသများနှင့် ပင်လယ်ကွေ့ ဒေသနိုင်ငံများတွင် ရာသီဥတု ဆိုးရွား ပြီး ရေဘေးသင့်ခဲ့ကြောင်း အာဏာ ပိုင်များက ပြောသည်။






(ref:AP)






အခြားဆက်စပ်သတင်းများ