နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧရာမလက်နက်ထိပ်ဖူးပါသည့် ဒုံးကျည်များ မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ်

ပြုံယမ်း  ဧပြီ ၂၁

ဧရာမလက်နက်ထိပ်ဖူး ပါဝင်သည့် Cruise missile ပဲ့ထိန်းဒုံးတစ်ခုနှင့် လေယာဉ်ဖျက်ဒုံးကျည်တစ်ခုကို နိုင်ငံအနောက်ဘက် ကမ်းရိုးတန်း ဒေသကတစ်ဆင့် စမ်းသပ်ပစ်လွှတ် လိုက်ကြောင်း မြောက်ကိုရီးယားက ဧပြီ ၂၀ ရက်တွင် ပြောသည်။

Hwasal-1 Ra-3 မဟာဗျူဟာ မြောက် ပဲ့ထိန်းဒုံးကျည်နှင့် Pyoljji-1-2 အမျိုးအစား လေယာဉ်ပစ် ဒုံးကျည်တို့ကို စမ်းသပ်ပစ်လွှတ်လိုက်ခြင်းဖြစ်ပြီး ရည်မှန်းချက်ပြည့်မီသည်အထိ စမ်းသပ် နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရ ပိုင်သတင်းဌာနက ကြေညာသည်။

ဒုံးကျည်နှစ်ခု ပစ်လွှတ်နေသည့် ဓာတ်ပုံများကို  မြောက်ကိုရီးယား အစိုးရပိုင် KCNA  သတင်းက ထုတ်ပြန်ထားပြီး အလားတူ စမ်းသပ် ပစ်လွှတ်မှုများကိုလည်း  မြောက် ကိုရီးယားက ဖေဖော်ဝါရီလအတွင်း ဆက်တိုက်လုပ်ဆောင်ထားကြောင်း သိရသည်။

ယခုပြုလုပ်သည့် စမ်းသပ်မှုသည် မြောက်ကိုရီးယားစစ်တပ်၏ ပုံမှန် လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခုသာဖြစ်ပြီး လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံ ရေးအခြေအနေများကြောင့် မဟုတ် ကြောင်း အစိုးရပိုင် KCNA သတင်း ဌာနက ကြေညာထားသည်။







(ref: Reuters)






အခြားဆက်စပ်သတင်းများ