နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းပွင့်မှ ဓာတုဗေဒစိန် ဖန်တီး

ပေကျင်း ဧပြီ ၂၁

တရုတ်သိပ္ပံပညာရှင်များသည် ကမ္ဘာ့ပထမဆုံးအနေဖြင့်  အနီရောင် ပီယာနီပန်းပွင့်မှ ကာဗွန်ထုတ်ယူပြီး ဖန်တီးထားသည့် ဓာတုဗေဒစိန်ကို ဧပြီ ၂၀ ရက်က တရုတ်နိုင်ငံ၊ ဟီနန် ပြည်နယ်၊ လျှို့ယန်မြို့တွင် မိတ်ဆက် ပြသလိုက်ကြောင်း သိရသည်။

ပီယာနီပန်းပွင့်မှ ဖန်တီးထား သည့် စိန်သည် သုံးကာရက်ရှိပြီး ဓာတုဗေဒစိန်များ ဖန်တီးထုတ်လုပ် နေသည့် Luoyang Time Promise ကုမ္ပဏီက ထုတ်လုပ်ခြင်းဖြစ်ကာ နှစ်သက်တမ်း ၅၀ ရှိ ပီယာနီပန်းပင် အပါအဝင် ဓာတုဗေဒစိန် ဖန်တီးရန် လိုအပ်သည့် ပီယာနီပန်းပွင့်များကို လျှို့ယန်အမျိုးသား ပီယာနီဥယျာဉ်က ပံ့ပိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။

ပန်းပွင့်မှ ကာဗွန်ထုတ်ယူပြီး ပြင်းထန်သော အပူချိန်နှင့် ဖိအား များထားရှိကာ စိန်၏ ကာဗွန်တည် ဆောက်မှုပုံစံအတိုင်း ပြန်လည်ဖန်တီး ခြင်းဖြစ်ပြီး အဆိုပါစိန်ပွင့်သည် ယွမ် သုံးသိန်းတန်ဖိုးရှိကာ Luoyang Time Promise ကုမ္ပဏီက လျှို့ယန် အမျိုးသား ပီယာနီဥယျာဉ်သို့ ပြန် လည် လှူဒါန်းထားကြောင်း သိရသည်။








 (ref: CMG)






အခြားဆက်စပ်သတင်းများ