နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အမြင့်ဆုံးတာဝါ တည်ဆောက်မည့် အစီအစဉ်ကို ထိုင်းဝန်ကြီးချုပ် ဆွေးနွေး

ဘန်ကောက် ဧပြီ ၂၁

ဒူဘိုင်းအခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက  ဦးဆောင် သော ရင်းနှီးမြှုပ်နှံသူ အုပ်စုသည် ကမ္ဘာ့အမြင့်ဆုံး ဘက်စုံသုံး တာဝါ တစ်ခုကို ထိုင်းနိုင်ငံတွင် တည်ဆောက် ရန် ဆွေးနွေးမှုများလုပ်ဆောင်နေ ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရီသာ ထဝီဆင် က ပြောသည်။ 

Emaar Broad Group နှင့် Vatone Group တို့ ပါဝင်သော အရှေ့ အလယ်ပိုင်းနှင့် တရုတ်ကုမ္ပဏီများ အုပ်စုတစ်ခုနှင့် မစ္စတာ ဆရီသာတို့ တွေ့ဆုံပြီး ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့် ဆုံး အဆောက်အအုံတည်ဆောက်ရေး အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေး နေကြောင်း သိရသည်။ 

Emaar ကုမ္ပဏီသည် ဒူဘိုင်းရှိ ၈၂၈ မီတာမြင့်သော ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ Burj Khalifa ကို တည်ဆောက်သည့်  ကုမ္ပဏီဖြစ်ပြီး လက်ရှိထိုင်းနိုင်ငံ၏    အမြင့်ဆုံး အဆောက် အအုံသည် ဘန်ကောက်မြို့ရှိ ၃၁၈ မီတာရှိ အထပ် ၇၀ ပါ Magnolias Waterfront Residences Iconsiam ဖြစ်သည်။ Emaar လုပ်ငန်းစု တည် ထောင်သူ  မိုဟာမက်အလက်ဘား ၏ ပြောကြားချက်အရ ထိုင်းနိုင်ငံ ပရော့ဂျက်တွင် ကုန်တိုက်ကြီးတစ်ခု၊ ရုံးခန်း၊ ဘဏ္ဍာရေးအချက်အချာတစ်ခု၊ ဟိုတယ်တစ်ခုနှင့် ဖျော်ဖြေရေးစင်တာ တစ်ခုတို့ ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။







(ref:Bangkok Post)






အခြားဆက်စပ်သတင်းများ