နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ဝင်ရိုးစွန်းသို့ အမြင့်ပေ သုံးသောင်းကျော်မှ လေထီးခုန်သည့် ရုရှားသုံးဦး ကမ္ဘာ့စံချိန်တင်

မော်စကို ဧပြီ ၂၁

ရုရှားနိုင်ငံသား သုံးဦးသည် ပြီးခဲ့သည့်အပတ်က ကမ္ဘာ့လေထု အထက်လွှာ အမြင့်ပေ ၃၄,၄၅၀  (မီတာ ၁၀,၅၀၀)မှ မြောက်ဝင်ရိုးစွန်းသို့ လေထီးခုန်ချပြီး ကမ္ဘာ့စံချိန်တင်သွား ကြောင်း စီစဉ်သူများက ဧပြီ ၂၀ ရက် တွင် အတည်ပြု ပြောကြားသည်။

ယင်းတို့သည် လေထီးခုန်ချမှု တစ်ခုတည်းသာ မဟုတ်ဘဲ အာတိတ် ဒေသတွင် အသုံးပြုနိုင်သည့် ဆက်သွယ်ရေး စနစ်သစ်ကိုပါ စမ်းသပ် ခြင်းဖြစ်ပြီး ရုရှား၏ ဘာနီယိုဝင်ရိုး စွန်းစခန်းအနီး ဆင်းသက်ကာဂြိုဟ်တု နှင့်ချိတ်ဆက်ခဲ့ကြောင်း သိရသည်။ 

မီခေးလ် ကော်နီယန်ကို၊အလက် ဇန္ဒား လင်းနစ်၊  ဒန်းနစ် ယီဖရီမော့ဗ် တို့ သုံးဦးသည် အီလီယူရှင်-76 လေယာဉ်ပေါ်က ခုန်ချပြီး နှစ်မိနစ်ခွဲ အကြာတွင် အလွတ်ဆင်းသက်ကာ မြေပြင်အထက် မီတာ ၁,၀၀၀ ရောက်မှ လေထီးဖွင့်ခဲ့သည်ဟု ဆိုသည်။

ယင်းတို့သည် တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ နှုန်းဖြင့် ဆင်းသက် လာခြင်းကြောင့် အနုတ် ၅၀ ဒီဂရီ ဆဲလ်စီးယပ် ရှိသည့် ပတ်ဝန်းကျင် လေထုကို အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ် အထိ အေးခဲသည့်ပုံစံခံစားရကြောင်း သိရသည်။







(ref: Reuters)






အခြားဆက်စပ်သတင်းများ