နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနှစ်သစ်ကူးအထူးဓမ္မသဘင်တတိယနေ့ တရားပွဲ အောင်ဆန်းဆရာတော်ကြီး တရားနာ ပရိသတ်တစ်သောင်း နှစ်ထောင်ကျော် တရားတော်များနာယူ

ရန်ကုန် ၊ ဧပြီ  ၂၀

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာနှစ်ဆန်း (၃) ရက်နေ့၊ သာသနာတော်နှစ် ၂၅၆၇ ခုနှစ်၊ ခရစ်သက္ကရာဇ်  ၂၀၂၄ ခုနှစ် ယမန်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့နှစ်သစ်ကူးအထူးဓမ္မ သဘင် တရားပွဲကို ရွှေတိဂုံစေတီ တော်မြတ်ကြီး၏ ခြေတော်ရင်း ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်တွင် ကျင်းပ သည်။

ရှေးဦးစွာ မြန်မာ့နှစ်သစ်ကူး အထူးဓမ္မသဘင် အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် လုပ်ငန်းကော်မတီများမှ ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြ သော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများသည် အထူး ဓမ္မသဘင် တရားပွဲသို့လာရောက် ကြသည့် တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်အသီးသီးမှ တရားနာ ပရိသတ်များအား သက်သတ် လွတ်ဒံပေါက်၊ ကြက်သားထမင်း ကျော်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းနှင့်အအေးမျိုးစုံတို့အားစတုဒိသာလှူဒါန်းနေမှုများ၊သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမျိုးသားယဉ် ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၊ အနုပညာအထက်‌ တန်းကျောင်းမှ အနုပညာရှင်  များက မင်္ဂလာဆိုင်းတော်နှင့်တွဲ ဖက်၍ ဓမ္မပူဇာတေးများသီဆို ပြီး ပူဇော်နေမှုများကို ကြည့်ရှု အားပေးကြသည်။

ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  တရားရေအေး အမြိုက်ဆေး တိုက်ကျွေးဟောကြားတော်မူ မည့် မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် ကြီး (ရန်ကုန်)၏ မဟာနာယက၊ အင်းစိန်မြို့နယ် ဩဝါဒါစရိယ အဘယလာဘမုနိကျောက်တော် ကြီးဘုရား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ အောင်ဆန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိ သာရအဂ္ဂမဟာကမ္မဌာနာ စရိယ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဇောတိကဓဇ၊ မဟာကမ္မဌာနာစရိယ၊ဝိဇ္ဇာ ကာသီ သီရိကမ္မဌာနာစရိယ (သီရိလင်္ကာနိုင်ငံ)၊ နိုင်ငံတော် သမ္မတကြီး၏ နိုင်ငံ့စွမ်းဆောင် ရည်ဆုတံဆိပ်ရ ဆရာတော် ကြွရောက်လာချိန်တွင် သာသနာ့ အလံများခြံရံ၍ ထီးဖြူမိုးပြီး ဓမ္မ ပလ္လင်ထက်သို့ ပင့်ဆောင်တော် မူကြပြီး၊ ဆရာတော်ကြီး၏ တရားတော်များကို ကြည်ညို စွာနာယူကြသည်။

ဓမ္မသဘင်တွင်ဆရာတော် ကြီး က သာသနာတော်သုံးရပ်ဖြစ် သည့် ပရိယတ္တိသာသနာ၊ ပဋိပတ္တိ သာသနာ၊ ပဋိဝေဒသာသနာ မြန်မာပြည်တွင် ထွန်းကားနေ ချိန်နှင့်တိုက်ဆိုင်စွာ ကံကောင်း ၍ရလာသောလူဘဝတွင် ဗုဒ္ဓ ဘာသာဝင်သူတော်ကောင်းတို့ အနေဖြင့် အမြင်မှား၊အမှတ်မှား၊ အသိမှားမရှိရလေအောင် ကျင့် ကြံကြိုးစားကြရန်၊လောဘ၊ ဒေါသ၊  မောဟနှင့်မာန ကိုပယ် သတ်၍ ဂတိနိမိတ်များမဖြစ်‌ရ လေအောင် ဝိပဿနာ တရားအားထုတ်ရန်၊သို့မှသာအပါယ်လေးပါးဖြစ်သည့် ငရဲ၊ တိရိစ္ဆာန်၊  ပြိတ္တာ ၊ အသူရကာယ်ဘုံတို့ကို ကျော်ဖြတ်၍ ကောင်းမြတ်သော ဘုံများသို့ ရောက်ရှိစံစားနိုင် မည့်တရားတော်များနှင့် ကျေးဇူး တော်ရှင် မိုးကုတ်ဆရာတော် ကြီး၏ ပဋိစ္စသမုပ္ပာဒ်စက်ဝိုင်း ဒေသနာ လည်ပုံပြတ်ပုံအကြောင်း တရားတော်များကို ဟောကြား တော်မူသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး တို့က ဆရာတော်အား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က အလှူရှင်များ (ကိုယ်စား) နဝကမ္မအလှူငွေများကို ဆရာ  တော်၏ကပ္ပိယမှတစ်ဆင့်လှူဒါန်း ပြီး ကျေးဇူးတင်ဝမ်းမြောက် စကားလျှောက်ထားသည်။

ယင်းနောက် တရားပွဲတွင် လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေကြပြီး ၃၁ ဘုံသားတို့အတွက် ဆုတောင်း မေတ္တာပို့သကြသည်။

တတိယနေ့ တရားပွဲတွင် နဝကမ္မအလှူငွေတစ်ထောင့် နှစ်ဆယ့်ခြောက်သိန်းတစ် သောင်းသုံးထောင့်ငါးရာကျပ် ရရှိပြီး တရားနာပရိသတ် တစ်သောင်းနှစ်ထောင်ကျော် အတွက် မိမိတို့နေထိုင်သည့် အနီးဆုံး နေရာအထိ မော်တော် ယာဉ်များဖြင့် အသွား/ အပြန် စီစဉ်ပေးထားကြောင်း သိရ သည်။   







ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ