နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုလားပဲစိုက်ခင်းများ ရိတ်သိမ်း တောင်သူများ တွက်ချေကိုက်လျက်ရှိ

မကွေး   ဧပြီ    ၂၀

ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကိုင်းမြေနုများတွင် စိုက်သည့် ကုလားပဲသီးနှံများ ရိတ်သိမ်းပြီးစီးနေရာ ဈေးကောင်းလျက် ရှိကြောင်း မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ဒေသခံ တောင်သူအချို့ထံမှ သိရသည်။

ကုလားပဲ၊ စားတော်ပဲ၊ ထောပတ်ပဲ၊ ပဲလွန်းပဲများကို ဆောင်းပဲအဖြစ်စိုက်ကြပြီး ဈေးကွက်အနေအထားအရ နှစ်စဉ် ဈေးကောင်းရခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ်တွင် ကုလားပဲတစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ ဖြင့် ရောင်းရပြီး ယခင်နှစ်အသစ်ဈေးထက်ဈေးပိုရကြောင်း ခွဲခြမ်း တစ်ပြည်လျှင် ကျပ် ၇၂၀ဝ ရောင်းရကြောင်း ယခုနှစ်ကုလားပဲရိတ်သိမ်း ခြွေလှေ့အပြီးမှာ ဈေးကောင်းတဲ့အတွက် တွက်ချေကိုက်ကြောင်း သိရသည်။

ယခုနှစ်ဆောင်းသီးနှံကုလားပဲစိုက်ဧက ၁၀ဝ၀ ကျော်ရိတ်သိမ်း စိုက်ပျိုးပြီးစီးကြောင်း မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။








ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ