နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ကျည်းမှည့်များကို အပင်လိုက်ပုတ်ပြတ် ဝယ်ယူမှုများနေ

ရေနံချောင်း   ဧပြီ    ၂၀

အညာဒေသတွင် မန်းကျည်းသီးမှည့် အပင်လိုက်ပုတ်ပြတ် ဝယ်ယူနေရာ တွက်ချေကိုက်ပြီး ဝင်ငွေရနေကြောင်း မကွေး တိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်များမှ စိုက်ပျိုးသူများနှင့်လိုက်လံဝယ်ယူသူများထံက သိရသည်။

မန်ကျည်းမှည့်အသစ်ပေါ်ချိန်တွင် မန်ကျည်းသီးအကြောပါ တစ်ပိသာကျပ် ၂၀ဝ၀ ရောင်းရပြီးယခင်နှစ် မန်ကျည်းမှည့်အသစ် ပေါ်ချိန်တွင်ကျပ် ၁၅၀ဝ၊ ရောင်းရကြောင်း ရောင်းဝယ်သူများထံက သိရသည်။

ဈေးကွက်တွင် မန်ကျည်းမှည့်ကို ပုဂ္ဂလိကမုန့်လုပ်ငန်းများနှင့်  တိုင်းရင်းဆေးဝါးကုန်ကြမ်းအဖြစ် သုံးကြပြီး မီးဖိုချောင်သုံးအဖြစ် ဝယ်ယူကြကြောင်း သိရသည်။    







ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ