နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၁၁) ကြိမ် ဖွင့်လှစ်မည်

မိုးညှင်း   ဧပြီ    ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ခရိုင်အတွင်းဒေသနှင့် လိုက်လျောညီထွေမှုရှိသော အသက်မွေးဝမ်းကျောင်းအထောက် အကူပြုသင်တန်း (၁၁) ကြိမ်အထိ ဖွင့်လှစ်ပို့ချသွားရန် စီစဉ်ထား ကြောင်း  မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေ နှင့် ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၆) ကြိမ်နှင့် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင် ငွေတိုးရေးစီမံကိန်းသင်တန်း (၂) ကြိမ်၊ စုစုပေါင်းသင်တန်း (၈) ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

ကျေးလက်နေ ပြည်သူများနှင့် မြို့ပြနေ အခြေခံပြည်သူများ အနေဖြင့် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်နည်းများနှင့် စက်မှုလက်မှု နည်းပညာများကို သင်ယူတတ်မြောက်ခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိကာ မိသားစုစီးပွားရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စွန့်ဦးတီထွင်လုပ်ကိုင်လိုသူများအနေနှင့်လည်း နည်းပညာများရရှိပြီး စမ်းသပ်လုပ်ကိုင်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။  







 (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ