နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိအမှတ်(၅)အခြေခံပညာ မူလတန်းကျောင်းနှင့် နွယ်အေးရပ်ကွက်၊ ကျောင်းလမ်းနှင့် မြတ်လေးနွယ်လမ်းထောင့်ရှိအမှတ်(၆)အခြေခံပညာမူလတန်းကျောင်းသန့်ရှင်းသာယာလှပစေရေး

ဧပြီ ၉ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာ အုပ် ချုပ်ရေးမှူးရုံးနှင့်ဌာနများက တွဲဖက်ဝန်ထမ်းများပူးပေါင်းအင်အား ၃၀ ဦးဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊သစ်ပင် အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း၊ ကျောင်းအမိုးပေါ်ရှိ သစ်ရွက်ကြွေအမှိုက်များရှင်း လင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းအတွင်းရှိ အမှိုက်နှင့်မြောင်းချေးများဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊သဲခဲများလှည်းကျင်းရှင်းလင်းခြင်း၊ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်နှင့် မြောင်းချေးများကို ယာဉ်နှစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးအတွက် ရေစည်ရေကန်များကို အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊သွန်၊လဲ၊စစ်ပြုလုပ်ခြင်း၊ ကျန်းမာရေးပညာ ပေးလက်ကမ်းစာစောင်များပေးဝေခြင်းတို့ဆောင်ရွက်ကြစဉ်။                                                                                   






ယဉ်မွန်






အခြားဆက်စပ်သတင်းများ