နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ ဇာနည်(၁၂)လမ်းရှိ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်း သန့်ရှင်းသာယာလှပရေး

ဧပြီ ၁၀ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဌာနများက တွဲဖက်ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ ပူးပေါင်းအင်အား  ၂၀ ဦးဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ် ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ ကျောင်းအမိုးပေါ် ရှိ သစ်ရွက်ကြွေအမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းအတွင်းရှိ အမှိုက် နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များသိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေ များ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိ အမှိုက်၊ သစ်ကိုင်းသစ်ခက်နှင့်မြောင်းချေးများကို ယာဉ်တစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရေစည်ရေကန်များအား အဘိတ်ဆေးခတ် ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ကျန်းမာရေးပညာပေးလက်ကမ်းစာစောင်များ  ပေးဝေခြင်းတို့ကို ဆောင်ရွက်ကြစဉ်။                                                                                                         







ယဉ်မွန်






အခြားဆက်စပ်သတင်းများ