နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယ ရွေးကောက်ပွဲ စတင်

နယူးဒေလီ ဧပြီ ၂၀

ဟိန္ဒူအမျိုးသားရေးဝါဒကို ကျော ထောက်နောက်ခံပြုကာ သမိုင်းဝင် တတိယမြောက် သက်တမ်းရွေး ကောက်ခံရရေးအတွက် ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ ထပ်မံကြိုးပမ်းနေသည့် ကမ္ဘာ့အကြီးဆုံး အိန္ဒိယနိုင်ငံ ရွေး ကောက်ပွဲကြီးကို ဧပြီ ၁၉ ရက်တွင် စတင်နေပြီဖြစ်သည်။ 

ဟိမဝန္တာတောင်တန်းဒေသမှ အပူပိုင်း အဒ္ဒမန်ကျွန်းစုဒေသထိ ပါဝင် သော ပထမဆုံး ပြည်နယ် ၂၁ ခု တွင် မဲပေးမည့်သူများသည် မဲရုံမဖွင့်မီ ကတည်းက မဲရုံရှေ့သို့တန်းစီရောက် ရှိနေပြီး မဲဆန္ဒရှင် သန်း ၉၇၀ နီးပါး သည် အောက်လွှတ်တော်အတွက် အမတ်အရေအတွက် ၅၄၃ ဦးကို ငါးနှစ်သက်တမ်းအတွက် ရွေးချယ် ပေးကြမည် ဖြစ်သည်။ 

ဇွန် ၁ ရက်အထိ ကျင်းပမည့် ရွေးကောက်ပွဲ၏ ဆန္ဒမဲများကို ဇွန် ၄ ရက်တွင် ရေတွက်မည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် မိုဒီ အနိုင် ရမည်ဆိုပါက ယင်းသည် နိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်ဖြစ်သည့် ဂျဝါဟလာ နေရူး နောက်တွင် တိုင်းပြည် အာဏာကို တတိယသက်တမ်းအထိ ရယူနိုင်သော ဒုတိယမြောက် အိန္ဒိယ ခေါင်းဆောင်ဖြစ်လာမည် ဖြစ်သည်။

စစ်တမ်းအများစု၏  ခန့်မှန်းချက် အရ အိန္ဒိယအမျိုးသားကွန်ဂရက် ပါတီ နှင့် သြဇာကြီးမားသော ဒေသန္တရ ပါတီများ ဦးဆောင်သည့် အတိုက်အခံ မဟာမိတ်အဖွဲ့ကို ဝန်ကြီးချုပ် မိုဒီနှင့် ယင်း၏ ဟိန္ဒူအမျိုးသားရေး BJP ပါတီက အနိုင်ရမည်ဟု သတင်းထွက် ပေါ်လျက်ရှိသည်။









(ref: AP)






အခြားဆက်စပ်သတင်းများ