နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
G-7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အီတလီတွင် စတင်

ရောမ ဧပြီ ၂၀

စက်မှုအင်အားကြီး ခုနစ်နိုင်ငံ G-7 ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး စတင်နေပြီဖြစ်ကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုတာ ဂျနီက ဧပြီ ၁၉ ရက်တွင် ပြောသည်။

ယင်းအစည်းအဝေးတွင် ပင်လယ်နီ ဒေသရှိ အခြေအနေများနှင့် အီရန် နိုင်ငံအပေါ် ချမှတ်နိုင်ဖွယ်ရှိနေသည့် ဒဏ်ခတ် ပိတ်ဆို့မှုများအပေါ် အဓိက အာရုံစိုက် ဆွေးနွေးပြီး လာမည့် အစည်းအဝေးများတွင် အာဖရိကနိုင်ငံ များနှင့် ဆက်ဆံရေးအားကောင်းရန် နှင့် ယူကရိန်း အရေးကိုပါ ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရ သည်။

 ဂျီ-7 အုပ်စု စုဖွဲ့မှုတွင် အမေရိ ကန်ပြည်ထောင်စု ၊ အီတလီ ၊ ကနေဒါ၊ ဗြိတိန် ၊ ပြင်သစ် ၊ ဂျာမနီ ၊ ဂျပန်တို့ အပြင် ဥရောပသမဂ္ဂ အီးယူလည်း ပါဝင် စုဖွဲ့ထားသည်။








(ref:Reuters)






အခြားဆက်စပ်သတင်းများ