နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Meta ကုမ္ပဏီ အက်ပလီကေးရှင်းများ Apple ဖြုတ်ချ

ဝါရှင်တန် ဧပြီ ၂၀

အမျိုးသားလုံခြုံရေး အကြောင်း ပြချက်နှင့် တရုတ် App Store ရှိ Meta ကုမ္ပဏီ၏ Whats App နှင့် Threads အက်ပလီကေးရှင်းများကို Apple ကုမ္ပဏီက ဖြုတ်ချလိုက်ကြောင်း သိရသည်။

Meta ၏ အခြားအက်ပလီကေးရှင်း များဖြစ်သည့် ဖေ့စ်ဘွတ်ခ်၊ အင်စတာ ဂရမ်နှင့် မက်ဆင်ဂျာ အက်ပလီကေး ရှင်းများကို ဧပြီ ၁၉ ရက် မနက်ပိုင်း အထိသာ တရုတ် App Store တွင် ဒေါင်းလုတ်ရယူနိုင်ပြီး ဧပြီ ၂၀ ရက်ကစ၍ ရနိုင်တော့မည်မဟုတ်ကြောင်း သိရ သည်။

ဖေ့စ်ဘွတ်ခ် အသုံးပြုနိုင်ခြင်း မရှိစေရန် ပိတ်ပင်ထားသော်လည်း VPN သုံးပြီး ကျော်ဝင်ခြင်းများရှိကာ ဖေ့စ်ဘွတ်ခ်ကို App Store မှ လုံးဝ ဖယ်ရှားလိုက်ခြင်းသည်  သုံးစွဲနေသူ များအတွက် အခက်အခဲဖြစ်သွားစေ နိုင်ကြောင်း သိရသည်။ 

သတင်းဌာနအချို့ကမူ တရုတ် တွင် အသုံးပြုနေသည့် Meta ၏ အက်ပလီကေးရှင်းများသည် မတ် လကုန် နောက်ဆုံးထား မှတ်ပုံတင်ရ မည်ဆိုသည့် စည်းမျဉ်းကို မလိုက်နာ ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ရေးသား ဖော်ပြသည်။









(ref: Reuters)






အခြားဆက်စပ်သတင်းများ