နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်

ကမ္ဘာအရပ်ရပ်တွင် မမျှော်လင့်သော သဘာဝဘေးအန္တရာယ် များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ သဘာဝဘေးဟူသည် ကြိုတင်တွက်ဆ၍ မရပါ။ တောမီးလောင်ခြင်း၊ မုန်တိုင်းတိုက်ခတ် ခြင်း၊ ရေကြီး၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း စသည့် သဘာဝဘေးအန္တရာယ်တို့သည် မမျှော်လင့်ဘဲ ဖြစ်ပွား တတ်သည်။  သို့သော်လည်း  သဘာဝဘေးအန္တရာယ်ကြောင့် ကျရောက်လာမည့် ဘေးအန္တရာယ်အသွယ်သွယ်တို့မှ ဆုံးရှုံး ပျက်စီးမှုနည်းနိုင်သမျှ နည်းအောင် ကြိုတင်ပြင်ဆင်ကြရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း လေပြင်းတိုက်ခတ်မှုအကြိမ်ရေ ၆၅၀ ကျော် ဖြစ်ပွားခဲ့ပြီး နေအိမ် အဆောက်အအုံပေါင်း ၂၀၇၀၀ ကျော် ထိခိုက် ပျက်စီးခဲ့သည်။ လူ သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

လေပြင်းတိုက်ခတ်မှုများကြောင့် ထိခိုက်မှုများ လျော့နည်းစေ ရန်အတွက် အသိပညာပေးခြင်း၊ လေပြင်းဒဏ်ခံနိုင်ရည် နည်းပါး နိုင်သည့် အိုးအိမ်များရွေးချယ်၍ အားဖြည့်ပြင်ဆင်ပေးခြင်းတို့ကို ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်အတူ လူမှုဝန်ထမ်း ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေရာသီကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး အဆိုပါမိုးတိမ် တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာ ထားသည်။

ပြည်သူများအနေဖြင့်  မိမိတို့နေအိမ်ပတ်ဝန်းကျင်အား ဆောင်ရွက်သင့်သည်တို့ကို ပြုလုပ်ကြရမည်ဖြစ်သည်။ လေပြင်း မတိုက်ခတ်မီ မိမိအိမ်၏ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆးပြီး တောင့်တင်း အောင် ပြုလုပ်ထားရန်လိုအပ်သည်။ ဒေါက်တိုင်များ၊ အိမ်တိုင်များ အမိုးများကို ခိုင်ခံ့အောင်ပြုလုပ်ထားရမည် ဖြစ်သည်။

နွေရာသီကာလတွင် ဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြောင့် ပြည်သူများအတွက် အန္တရာယ်ရှိနိုင်သော အခြေအနေအမျိုးမျိုးတို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများက နေ့စဉ် အသိပေးနှိုးဆော်လျက်ရှိရာ ပြည်သူများ အသိတရားဖြင့် ကိုယ်တိုင်နိုးနိုးကြားကြား တက်တက်ကြွကြွ ဆောင်ရွက်ကြပြီး သတိပြုလိုက်နာ ဆောင်ရွက်စေချင်ကြောင်း။     






အခြားဆက်စပ်သတင်းများ